အခန်း( ၂၆ ) ကျွမ်းကျင်မှုအမျိုးမျိုး

80 10 0
                                    

ချင်ကျင်းသည် သူ့ကုတင်ပေါ်တွင် လှဲလျောင်းပြီး မျက်နှာပေါ်တွင် အဆုံးမဲ့ကမ္ဘာဦးထုပ်နှင့် နောက်ဆုံးအကြိမ်ကကဲ့သို့ အုပ်လိုက်သည်။ ချက်ချင်းပင် သတိမေ့သွားတော့သည်။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ချင်ကျင်းသည် လူသူကင်းမဲ့နေသော လမ်း၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် အိမ်များနှင့် ပုတုတု အဆောက်အဦများ ရှိနေခဲ့သည်။

ဤမြင်ကွင်းသည် ဂိမ်းလောကထဲသို့ သူပထမဆုံးဝင်ရောက်ခဲ့သည့် မြင်ကွင်းနှင့် အတူတူပင်ဖြစ်သည်။ ချင်ကျင်း သည် ထိုနေရာနှင့် အတော်အတန်ရင်းနှီးနေခဲ့ပြီး ဤလမ်း၏အဆုံးတွင် ပန်းပဲဆိုင်တစ်ဆိုင်ရှိကြောင်း သူသိသည်။ သူသည် အဆင့်နှစ်သန့်စင်ပြီးသံ အား မည်သို့ ထုလုပ်ရမည်ကို ထိုနေရာမှ သင်ယူခဲ့သည်။

“ငါ ဒီနေရာကို နောက်ဆုံးရောက်ခဲ့တဲ့ အချိန်တုန်းက ပန်းပဲပညာရဲ့ အခြေခံအချို့ကိုပဲ သင်ယူနေခဲ့ပေမယ့် အစပိုင်းမှာတော့ ဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့သေးတာပဲ။ တခြားအဆောက်အဦးတွေကို ငါ သတိမထားမိခဲ့ဘူး..”

ချင်ကျင်း ညည်းညူလိုက်သည်။ သူ့လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ လျှောထည့်ကာ လှည့်လည်ကြည့်ရှုလိုက်သည်။ အခြားအဆောက်အဦးများနှင့် အိမ်များတွင် ဖြစ်ပျက်ခဲ့သည်များကို ချင်ကျင်း သိချင်နေခဲ့သည်။

[ယူလာလီယာ ဝိဇ္ဇာ ဆေးရည်ဆိုင်] ဟုရေးထားသော အနက်ရောင် ဆိုင်းဘုတ်တစ်ခုကို အဆောက်အအုံတစ်ခု၏ တံခါးဝတွင် ချိတ်ဆွဲထားသည်။ ချင်ကျင်း သည် စူးစမ်းလို၍ ထိုအဆောက်အဦးအတွင်းသို့ ချောင်းကြည့်လိုက်ရာ အနီရောင် အရှေ့ဖုံး ခါးစည်းဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးအား စမ်းသပ်ပြွန်များစွာဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။ စမ်းသပ်ပြွန်များထဲတွင် အစိမ်းရောင်၊ အပြာ၊ အဝါနှင့် အခြားအရောင်ရှိသော အနံ့စူးရှသည့်အရည်များဖြင့် ပြည့်နေလေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now