အခန်း ( ၃၉ ) လောကကြီးအပေါ် ကျယ်ပြန့်သောအမြင်

71 6 0
                                    


သတ်ဖြတ်ခြင်း?

အင်ပါယာတစ်ခုတွင် ကောင်းမွန်စွာ ချမှတ်ထားသည့် ပြီးပြည့်စုံသော ဥပဒေများ ရှိခဲ့သည်။ ဥပဒေအရ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပြန်ပေးဆပ်ရမည် ဖြစ်သည်။ လူသတ်သမားသည် မည်သူမည်ဝါဖြစ်ပါစေ၊ သူသည် ပြစ်မှုကို ဝန်ခံပြီးပါကသေဒဏ်ကို ခံယူရမည်ဖြစ်သည်။

ထိုအရာက ဥပဒေဖြစ်သော်လည်း လူးကပ်စ်သည် ဥပဒေကို လုံးလုံးလျားလျား လိုက်နာရန် နုံအနေမည်မဟုတ်။ ဖာဘရီဒစ်သည်လည်း ဥပဒေအား လေးစားပြီး ကြောက်ရွံ့နေမည်ဟု လူးကပ်စ်ယုံကြည်နေပါသည်။

"အယ်....”

ဖာဘရီဒစ်သည် အံ့အားသင့်စွာဖြင့် ပြောနေစဉ် သူ၏လက်ချောင်းသုံးချောင်းဖြင့် သလင်းကျောက်နှင့်တူသော သန့်စင်ထားသော သံ ကို ညှစ်လိုက်သည်။

“ဒါက တကယ်ပဲ အဆင့်ငါး သန့်စင်ထားတဲ့ သံ ပဲလား။ အဲ့ဒီအပေါ်မှာ အပူရှိန်ရှိနေတုန်းပဲ။ အခုပဲဒါကို တစ်ယောက်ယောက်က သွန်းလုပ်လိုက်တာလား။ ဘယ်သူလုပ်လိုက်တာလဲ?"

လူးကပ်စ်သည် ဖာဘရီဒစ်အား မျှော်လင့်ချက်များနှင့် တောင်းပန်နေသောအမူအရာနဲ့ ကြည့်နေခဲ့သည်။ အစွမ်းထက်သော ဤသူရဲကောင်း ပြောသည့်စကားကို ပြောင်းလဲစေချင်နေပုံရသည်။ အကယ်၍ ဖရန်ကလင်သည် ဤ (သန့်စင်ပြီးသံ) အား အဆင့်ငါး ဖြစ်သည်ဟု ဆိုပါက၊ လူးကပ်စ်က ၎င်းအဆိုပြုချက်ကို ပြန်လည်ချေပနိုင်သော်လည်း ဖာဘရီဒစ်၏ ပြောကြားချက်ကိုမူ ငြင်းဆိုရန်မဖြစ်နိုင်ပါ။ အကြောင်းမှာ သူ၏ စစ်သည်တော်စွမ်းရည်ကြောင့် မဟုတ်ခဲ့ပါ။ သူသည် အဆင့်လေးပန်းပဲဆရာတစ်ဦးလည်း ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူးကပ်စ်သည် မကြာသေးမီက ထိုအကြောင်းကို မြို့တော်ဝန်ထံမှ ကြားသိခဲ့ရပြီးဖြစ်သည်။

"မင်းလား?"

ဖာဘရီဒစ်သည် လူးကပ်စ်ကို ကြည့်၍ ခေါင်းခါယမ်းလိုက်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း जहाँ कहानियाँ रहती हैं। अभी खोजें