အခန်း( ၁၈ ) သန့်စင်ထားသော အဆင့်နှစ်သံ

90 11 0
                                    

           သံမှထွက်လာသော မီးပွားများသည် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ အနောက်အခန်းတွင် ရှိနေသော ပန်းပဲအလုပ်သင်များလည်း ကြက်သေသေနေကြတော့သည်။ သူတို့သည် ထိုနေရာတွင်ရပ်နေကြကာ ချင်ကျင်းအား မကောင်းဆိုးဝါးတစ်ကောင် ကဲ့သို့ကြည့်နေကြသည်။

“ဒီကောင်ဘယ်ကနေလာတာလဲ။ သူက ပေါင်တစ်ရာတူကြီးကို မရပ်မနားပဲနဲ့ အချက်နှစ်ရာ‌လောက် လွှဲပြီး လူခေါင်းလောက်ရှိတဲ့ သံရိုင်းကို ကလေးတစ်ယောက် ခေါင်းလောက်ပဲကျန်အောင် ရိုက်လိုက်နိုင်တာပဲ....” ဟုတွေးနေခဲ့ကြသည်။

ပန်းပဲဆိုင်ထဲရှိနေသူများအနက် ချင်ကျင်းကဲ့သို့ ပေါင်တစ်ရာတူကို အချက်နှစ်ရာအထိလွှဲနိုင်သော သူမှာ ဖရန်ကလင်းတစ်ယောက်သာရှိသည်။ ဖရန့်စစ်ပင် လွှဲရန်မဖြစ်နိုင်ပေ။ သူသည် အချက်သုံးဆယ်ခန့်သာ လွှဲနိုင်သည်။ သူတို့အားလုံးသည် မကြာသေးခင်ကတံခါးမှ ဝင်လာသည့်သူက ဤသို့ စွမ်းဆောင်နိုင်လိမ့်မည်ဟု စိတ်ပင်မကူးခဲ့ပါ။ ပို၍အံ့သြဖို့ကောင်းသည်မှာ ထိုလူငယ်လေးသည် Oakland မှော်နှင့် စစ်သည်ပညာကျောင်းမှ ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့်ပင်။

“အဲ့နေရာမှာက မကောင်းဆိုးဝါးတွေကို ဘယ်လိုသတ်ရမလဲပဲ သင်ပေးတာပါ...။သူတို့ဆီမှာ ပန်းပဲအတတ်ကိုသင်ပေးတဲ့သူရှိနေပြီလား။ ကြည့်ရသလောက်တော့ ဒီကောင်က ငါတို့ဆရာ ဖရန်ကလင်းနီးနီးတော်တာပဲ....။သို့သော် ဖရန်ကလင်းက ပထမအဆင့် ပန်းပဲဆရာဆိုတာကို တစ်နိုင်ငံလုံးက လက်ခံထားကြတာပဲ...။”

ပန်းပဲဆရာသင်တန်းသားများသည် ဆက်၍မစဉ်စားတတ်တော့ပေ။

အဆိုးဆုံးအခြေနေများတွင် ဖရန်ကလင်းသည် အရာအားလုံးကို စွန့်ကာ မိစ္ဆာအင်ပါယာသို့ ပြေးမည်ဖြစ်သည်။ လူများကို အရှင်လတ်လတ်စားတတ်သော ထိုမိစ္ဆာများကပင် သူ့အား သင့်တော်သော လေးစားမှုပေးကြပေလိမ့်မည်။ မိစ္ဆာများသည် သူတို့၏ နယ်မြေထဲတွင် ဆိုင်ဖွင့်ခွင့်ပေးပြီး အခွန်များ ကင်းလွတ်ခွင့်ပါပေးနိုင်သည်။ သူတို့သည် အခြားသောသူများကို သတ်သကဲ့သို့ ဖရန်ကလင်းအား သတ်လိမ့်မည်မဟုတ်ပေ။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Donde viven las historias. Descúbrelo ahora