၄၅

67 6 0
                                    

အခန်း ( ၄၅ )

ဂဘရီရယ်လာ နှင့် ဂလိုရီယာ အပိုင်း (၂)

“ဒါပေမဲ့ ဒီနှစ်ကောင်ရဲ့ လုပ်နေပုံတွေက ....တော်တော်ကိုအချိုး မပြေတာပဲ..!”

ချင်ကျင်းသည် သက်ပြင်းချလိုက်သည်။ ဤလူများ၏ မျက်နှာထားများသည် ထိုနေ့က လူများ၏ မျက်နှာထားနှင့် ဆင်တူနေလေသည်။ ချင်ကျင်းသည် အကြောင်းရာတော်တော်များများကို သည်းခံလေ့ရှိသော်လည်း ထိုကဲ့သို့သော အမူရာများကို‌တော့ သည်းမခံနိုင်ခဲ့ပါ။

“စီနီယာတို့..”

ချင်ကျင်းသည် မကြာခင်ကမှ အနိုင်ရခဲ့၍ ရရှိခဲ့သော ကတ်ပြားနှစ်ခုကို မြှောက်ကစားနေကာ ဂဘရီရယ်လာအား အနိုင်ကျင့်နေကြသည့် ဒုတိယနှစ် စစ်သည်တော်ကျောင်းသားနှစ်ဦးနားသို့ လျှောက်သွားလိုက်သည်။

“နောက်တောင်ကျနေပြီ။ မင်းတို့နှစ်ယောက်က ဘာလို့ မအိပ်ကြသေးတာလဲ”

.....

စီနီယာ‌ကျောင်းသားနှစ်ဦးလည်း အံ့သြသွားခဲ့သော်လည်း သူတို့နှစ်ဦးလုံးသည် ဖော်ရွေကြောင်းပြသည့်အနေဖြင့် ပြန်ပြုံးပြလိုက်ကြသည်။

“အိုး.. မင်းက ဒီမနက်ကျောင်းအုပ်ကြီး ပြောခဲ့တဲ့ ချင်ကျင်းပါလား။”

ထိုစီနီယာကျောင်းသားများသည် ချင်ကျင်းကို ကြောက်ရွံ့နေခြင်းမရှိကြပေ။ အကြောင်းမှာ ပထမနှစ်တွင်  မည်သို့ပင် အဆင့်တစ်ဆယ် ဝင်သောကျောင်းသားပင် ဖြစ်နေစေကာမူ သူသည် ပထမနှစ်သာရှိသေးသူဖြစ်ပေသည်။ ထိုနှစ်ယောက်မှာ ဒုတိယနှစ်များဖြစ်ကြသည်။ ထို့ကြောင့် ဂျူနီယာက ဂျူနီယာပင်ဖြစ်သည်။ ချင်ကျင်းသည် ထို ဒုတိယနှစ်ကျောင်းသားများနှင့် သွားရှုပ်မိပါက ဒုတိယနှစ် ကျောင်းသားအားလုံးကို စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုကိစ္စတွင် ဒုတိယနှစ်မှ ထိပ်တန်းဆယ်ယောက်လည်း ပါဝင်လာပါက ပထမနှစ်ကျောင်းသားများသည် ၎င်းတို့အား မည်သည့်နည်းနှင့်မျှယှဉ်နိုင်မည်မဟုတ်ချေ။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Hikayelerin yaşadığı yer. Şimdi keşfedin