အခန်း(၁) : ချင်ကျင်း၊ရှေ့ဆက်ခြင်း

573 24 0
                                    


(ချင်ကျင်းသည် တရုတ်ဘာသာစကားတွင်လည်း ရှေ့ဆက်ခြင်းဟု အဓိပ္ပာယ်ရသည်။)

နေဝင်တောင်တန်းများခရီးမှ အပြန်တွင် ချင်ကျင်းတစ်ယောက် သူ၏အခန်းတွင်းသာသော့ခတ်၍ တစ်ယောက်တည်းနေနေသည်။ သူ၏အခန်းဖော်ကမည်မျှပင် အခန်းပြင်ပသို့ထွက်စေရန်ပြောနေလင့်ကစား သူသည်လုံးဝ မထွက်ချင်ခဲ့ပေ။ "ရှက်စရာကောင်းလိုက်တာကွာ၊ တော်တော်ရှက်ဖို့ကောင်းတာပဲ။"

လွန်ခဲ့သောသုံးရက်က သင်တန်းသားအသစ်များအတွက် oak land သင်တန်းကျောင်းမှ လက်ရည်စမ်းပွဲအား နေဝင်တောင်တန်းများ၌ ကျင်းပခဲ့သည်။ချင်ကျင်းသည် တက်သစ်စ သင်တန်းသားများအနက် ထိပ်တန်းပြိုင်ပွဲဝင်တစ်ဦးဟု သတ်မှတ်ရပေမည်။ သူသည် သင်တန်းကျောင်းသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ပင်မပြည့်သေးသော်လည်း အဆင့်သုံး စစ်သည်အဆင့်ပင်ရှိနေပြီးဖြစ်သည်။ စစ်သည်အဆင့်၅ ရှိနေပြီးဖြစ်သော စစ်သည်သင်တန်းနည်းပြ က "ဒုတိတန်းသင်တန်းသားများအားလုံးထဲမှာ ချင်ကျင်းဟာ အနာဂါတ်မှာအကောင်းဆုံး ဖြစ်လာလိမ့်မယ်။ သူက ပါရမီရှိပြီး အလုပ်ကိုလည်းသေသေသပ်သပ် လုပ်နိုင်တဲ့သူပဲ။ နောက်နှစ်အနည်းငယ်လောက်ဆို ငါ့ကိုတောင် ကျော်သွားနိုင်လောက်တယ်။" ဟူ၍ပင် မှတ်ချက်ပြုခဲ့သည်။

ဤသို့နည်းပြ၏ ကောင်းမွန်သောမှတ်ချက်ပြုခြင်းကို ခံခဲ့ရသော်လည်း ချင်ကျင်းတစ်ယောက် နေဝင်တောင် စမ်းသပ်ပွဲ၌ ဤအခြေနေထိ ရောက်သွားလိမ့်မည်ဟု မည်သူကမျှမတွေးထင်မိလိမ့်မည် မဟုတ်ချေ။ ဒုတိယတန်း သင်တန်းသားများအနက် အတော်ဆုံးစစ်သည် သည် ကောင်းကင်မှကျလာသည့် အမျိုးအမည်မသိသော အရာဝတ္တုတစ်ခုကြောင့် မေ့လဲသွားခဲ့သည်။ ထိုအရာမှာ ဦးထုပ်တစ်လုံးသာဖြစ်ပေသည်။

ဤအဖြစ်ပျက်သည် Oakland သင်တန်းကျောင်းအတွင်းဟာသအဖြစ် ပျံ့နှံ့သွားခဲ့ပြီး ယခုဆိုလျင် လူတိုင်းကပင် ထိုအကြောင်းအရာအား ပါးစပ်ဖျားကပင်မချနိုင်အောင် ကျော်ကြားနေပြီးဖြစ်သည်။ သင်တန်းကျောင်းတွင် အလွန့်အလွန်ရုပ်ဆိုးသော ကျောင်းသားတစ်ဦးရှိသည်။ ထိုကျောင်းသား မည်မျှပင်ရုပ်ဆိုးသနည်းဟု မေးလျှင် 'နတ်ဘုရားများကပင် နှာခေါင်း ရှုံ့ချင်လောက်အောင်ပဲ' ဟူ၍အဖြေပေးရပေလိမ့်မည်။ ထို့ကြောင့် နတ်ဘုရားများက ထိုသူအား အပြစ်ပေးသောအားဖြင့် ဦးထုပ်နှင့်ပေါက်ကာ မေ့လဲအောင်လုပ်လိုက်လေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now