၄၈

68 8 0
                                    

အခန်း ( ၄၈ )

ဓါးဆေးခြင်းအတတ်နှင့် သံသွန်းအသက်ရှူခြင်းအတတ်

တစ်နာရီခန့်ကြာပြီးနောက် ချင်ကျင်းသည် သက်ပြင်းချလိုက်ကာ အကြောများဆန့်ပြီးနောက် သွေးထားသော ပုဆိန်အား ဘလိတ်အရှေ့သို့ ပစ်‌ပေးလိုက်သည်။

ချင်ကျင်းသည် ဓါးသွေးရာတွင် သက်လုံကောင်းရန်နှင့် ခွန်အားများလိုအပ်ကြောင်း ယခုမှသိလိုက်ရသည်။ ၎င်းသည်လည်း သံသွန်းလုပ်ခြင်းလောက်နီးနီး ပင်ပန်း‌လေသည်။ ထိုပုဆိန်အားသွေးရန်ကိုပင် ချင်ကျင်းသည် သွေးနေသည့်အခါ လှုပ်ရှားမှုအား ထိန်းညှိရန် သူ၏လက်နှစ်ဖက်၊ ခါး၊ ကျောနှင့်၊ ခန္ဓာကိုယ်ရှိ ကြွက်သားများ အားလုံးကိုအသုံးပြုခဲ့ရသည်။

ဘလိတ်သည် သွေးထားသောပုဆိန်အား လေတစ်ချက်မှုတ်လိုက်ပြီး ပြုံးသည်။

"ကောင်းတယ် မင်းအခြေခံ ဓါးဆေးနည်းပညာကိုတတ်မြောက်သွားပြီပဲ။"

"ဓါးဆေးနည်းပေါ့လေ။ ဘာကိုပြောချင်တာလဲ။ ငါသင်ယူလိုက်တာက ဓါးသွေးနည်းမဟုတ်ဘူးလား။"

ချင်ကျင်းသည် ဘလိတ်ဓါးသွေးနေသည်ကို ကြည့်နေရာမှ နစ်မြောသွားသွားသောကြောင့် မှော်စနစ်၏ အချက်ပြသံကိုပင်မကြားခဲ့ရပေ။ ထို့နောက်သူ၏ တိုးတက်မှုအခြေအနေအားပြသော မှန်ကို ကြည့်လိုက်သောအခါ အံ့ဩသွားရသည်။

[ဓါးသွေးအတတ်]: အမြင့်ဆုံးအဆင့်! ဓါးဆေးအတတ်အားစတင် သင်ယူနိုင်ပြီ။

[ဓါးဆေးအတတ်]: အခြေခံအဆင့်။

"[ဓါးသွေးအတတ်] ကမဆိုးပါဘူး။"

ဘလိတ်သည် မခို့တရို့ပြုံး၍

"မင်းက ဓါးဆေးတဲ့နည်းပညာ ကိုမသိဘဲနဲ့ ဘယ်လိုလုပ်ပြီး နတ်ဘုရားအဆင့် ပန်းပဲဆရာဖြစ်လာမှာလဲ။"

နတ်ဘုရားအဆင့် ပန်းပဲဆရာ? ချင်ကျင်းသည် ဘလိန်အားငြိမ်သက်စွာ ကြည့်နေခဲ့သည်။ သူသည် အဆုံးမဲ့ကမ္ဘာမှ နတ်ဘုရားအဆင့် ပန်းပဲဆရာသည် မည်သည်ကို ဆိုလိုသည်ကို သူ မသိသော်လည်း လူများနှင့် နတ်ဆိုးများ တည်ရှိနေခဲ့ကြသည့်အချိန်မှစ၍ ကုန်းမြေတိုက်ကြီးပေါ်၌ ရှိနေသော နတ်ဘုရားအဆင့် ပန်းပဲဆရာများမှာ လက်ချိုးရေ၍ပင် ရသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လက်ချောင်းသုံးချောင်းခန့် အဖြတ်ခံခဲရစေကာမူ‌ ထိုလူသည် သမိုင်းအဆက်ဆက်၌ ရှိခဲ့သော နတ်ဘုရားအဆင့် ပန်းပဲဆရာများ၏ အရေအတွက်အား ရေ၍ရနေသေးသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now