အခန်း ( ၂၄ ) တန်ဖိုးနှစ်ဆ

89 10 0
                                    

Rodriguez သည် ချင်ကျင်း ၏ နောက်ကျောကို စိုက်ကြည့်နေသောကြောင့် ကျောင်းအုပ်ကြီး၏ မေးခွန်းကို ဂရုမစိုက်မိခဲ့ပေ။ သူ့ကိုယ်သူ အရမ်းအံ့သြသွားခဲ့သည်။ ချင်ကျင်းသည် သေချာပေါက် အောင်နိုင်လိမ့်မည်ကို သူသိသော်လည်း ချင်ကျင်း၏အောင်ပွဲသည် အလွန်သပ်ရပ်လှသည်။ ထို့အပြင် ချင်ကျင်း သည် အဆင့်လေးစစ်သည် အဆင့်သို့ တက်သွားသည်ကို သူပင်မသိခဲ့ပေ။

စီနီယာ ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက် တညီတညွတ်တည်း ကြည့်နေကြပြီး လူအုပ်ကြီးသည် ခေတ္တမျှ တိတ်ဆိတ်သွားကြသည်။ တိုက်ပွဲတွင် အနိုင်ရခဲ့သော ချင်ကျင်း ကိုပင် သူတို့က အားမပေးခဲ့ပေ။

ချင်ကျင်း သည် သူ့လက်ပေါ်သို့ လေအနည်းငယ် မှုတ်ထုတ်လိုက်သည်။ သူ့ကိုယ်တိုင်ပင် မယုံနိုင်လောက်အောင်ဖြစ်နေသည်။ သူသည် လည်နေသောကောင်းကင် ဓါးသွား ၏တိုက်ခိုက်မှုကိုရင်ဆိုင်ရသောအခါတွင် ပန်းပဲထုခြင်းနည်းပညာကို မသိစိတ်မှအသုံးပြုကာ သင်တန်းကျောင်းမှ သင်ကြားပို့ချပေးသော တိုက်ခိုက်ရေးနည်းပညာများကိုပင် အသုံးမပြုခဲ့ပေ။

“စိတ်ဝင်စားစရာပဲ..။”

ချင်ကျင်းသည် တုန်လှုပ်ချောက်ချားနေသော ဆီဇာ ဆီသို့ ဖြည်းညှင်းစွာဖြင့် မှန်မှန်လျှောက်လာရင်း သူ၏ပခုံးများကို လှိမ့်ကာ လက်များကို လေရဟတ်များကဲ့သို့ လှည့်လိုက်သည်။

"ဟေ့ မင်းက ငါ့ကို ဒီမှာ ထိုးဖို့ စိန်မခေါ်ချင်ဘူးလား..။ ငါဒီမှာရှိနေတုန်းပဲ၊ ပြီးတော့ မင်းကို ကူညီတဲ့ကောင်ကို အနားယူခိုင်းလိုက်ပြီလေ..။ အခု မင်းငါ့ကို သင်ခန်းစာပေးရမယ့် အလှည့်ပဲ”

ဆီဇာသည် မထနိုင်တော့သည့် လည်နေသောကောင်းကင် ဓါးသွား ကို ဒေါသတကြီးကြည့်နေခဲ့သည်။ 

“ဒီအဆင့်ရှစ် ကောင်က အမှိုက်လိုပဲ အသုံးကိုမကျဘူး...။ ငါ့ရွှေဒင်္ဂါးနှစ်ပြားကို ငါဖြုန်းတီးမိသွားပြီ။ ချင်ကျင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ သူဘယ်လိုပြောနိုင်တာလဲ?"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now