၆၂

67 7 0
                                    

အခန်း ( ၆၂ )

နှစ်တစ်ရာသက်တမ်းရှိသော ရေခဲသံ

ချင်ကျင်းသည် မိုင်းတွင်းစစ်ဆေးခြင်း နည်းပညာစာအုပ်ကို ဖွင့်ပြီး ဂရုတစိုက်ဖတ်လိုက်သည်။ စာအုပ်လေးသည် ပါးလွှာသော်လည်း ကျောက်ထုထည်များကို အစီစဉ်တကျ အမျိုးအစားခွဲခြားထားခြင်း၊ အမျိုးမျိုးသော တောင်များနှင့် မြစ်ချောင်းများတွင် တိမ်မြုပ်နေတတ်သောသော တွင်းထွက်သယံဇာတ မျိုးစုံတို့၏ အကြောင်းများကို  အသေးစိတ် စုံလင်စွာဖော်ပြထားသည်။

 "မင်း သံသွန်းပညာရှင် ဖြစ်ချင်ရင် ပထမပိုင်းစာမျက်နှာတွေကို မကြည့်နေသင့်ဘူး"

ဘလိတ်က သူ့၏ဆေးတံကို လေထဲမှာ လှုပ်ယမ်းပြီး ပြောလိုက်သည်။

"နောက်ဆုံးစာမျက်နှာတွေကို လှန်လိုက်..."

နောက်ဆုံးစာမျက်နှာများ?

ချင်ကျင်းသည် နောက်ဆုံးစာမျက်နှာများစွာကို လျင်မြန်စွာ လှန်ကြည့်လိုက်ရာ စာအုပ်၏ ပထမစာမျက်နှာတွင် ဖော်ပြထားသော အသိပညာများနှင့် ကွဲပြားခြားနားနေသော မိုင်းတွင်းတည်နေရာ ခံစားမှု ဟူသောပဟေဠိဆန်ဆန် ခေါင်းစဉ်တစ်ခုကို တွေလိုက်ရသည်။

ချင်ကျင်းသည် စာမျက်နှာအသစ်သို့ လှန်လိုက်ကာ ‘မိုင်းတွင်းတည်နေရာ ခံစားမှု’ ကို ဖတ်ရန် အာရုံစိုက်ခဲ့သည်။ ထိုအရာသည် တောင်များနှင့် စမ်းချောင်းများကို လေ့လာရာတွင် သုံးသော ကျွမ်းကျင်မှု မဟုတ်ဘဲ ဝိညာဉ်စွမ်းအားများ ချဲ့ထွင်ခြင်းနှင့် အနည်းငယ် ဆက်စပ်နေသော အထူးကျွမ်းကျင်မှုပညာတစ်ခုဖြစ်ကြောင်း သူသိလာခဲ့သည်။ သို့သော် ဤအရာသည် စိတ်ဝိဉာဉ် စွမ်းအားအကြောင်း ခွဲခြားပြထားခြင်းမဟုတ်ဘဲ အသက်ရှူပညာ တစ်မျိုးအကြောင်းပင်ဖြစ်ပေသည်။

တစ်စုံတစ်ဦးမှာ သံသွန်းအသက်ရှူပညာအသုံးပြု၍ ကိုယ်ခန္ဓာအတွင်းရှိ ဘေးထွက်အတွင်းအားမှ မီးများကို ချောမွေ့စွာ လွှတ်ထုတ်နိုင်ပြီးမှသာ သတ္တုတွင်းများကို ခံစားမိလာကာ မတူညီသော သတ္တုနှင့် သတ္တုအရင်းအမြစ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now