၆၀

67 7 0
                                    

အခန်း ( ၆၀ )

ကိုယ်ပိုင်အဖွဲ့

ကျွန်ုပ်တို့၏အသက်များကို ခြိမ်းခြောက်လာနိုင်သည့် မည်သည့်အရာကိုမျှ လွှတ်မထားပါနှင့်။ အသင့်ရှိနေပါစေ။ တခြားသူတွေကိုလည်း ကြိုအသိပေးပါ။

သူ့ကိုသတ်!

သူ့ကို ဖျောက်ဖျက်ကြလော့! - စစ်သည်များ၏ ကုဒ်နံပါတ်များ...

သင်တန်းကျောင်းနှင့် အခြားအဖွဲ့အစည်းတိုင်းသည် အလွန်အရည်ချင်းရှိသောသူများ၊ တိုးတက်မှု အမြန်ဆုံးသောသူများနှင့် အခြားသောကဏ္ဍများတွင် အထွတ်ထိပ်ရောက်နေကြသောသူများ၏ သမိုင်းတစ်လျောက် မှတ်တမ်းများကို သိမ်းဆည်းထားလေ့ရှိသည်။

Oakland မှော်နှင့် စစ်သည် သင်တန်းကျောင်းတွင်လည်း အလားတူပင် မှတ်တမ်းဖိုင်တစ်ခု ရှိသည်။

မနက်ခင်း အပြေးလေ့ကျင့်ချိန် တိုက်ပွဲ၌ ချင်ကျင်း သည် ပြိုင်ဖက်လေးဦးလုံးကို တစ်ယောက်တည်းနှင့် မျက်စိတစ်မှိတ်အတွင်း အနိုင်ယူပြပြီး သူ၏အဆင့် ၆ စစ်သည်တော်တစ်ဦး၏ လုပ်နိုင်စွမ်းများကို ပြသနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် Oakland မှော်နှင့် စစ်သည် သင်တန်းကျောင်း ၏ မှတ်တမ်းဖိုင်တွင် သူ၏အမည်ကို သင်တန်းကျောင်း၏ သမိုင်းတစ်လျှောက် ပထမနှစ်၏ အသန်မာဆုံးသော စစ်သည်တော် ဟူသည့် ခေါင်းစဉ်ဖြင့် ထည့်သွင်းထားခဲ့ကြသည်။

အလားတူပင် ထိုမှတ်တမ်းဖိုင်တွင် ဂဘရီရယ်လာ၏ အမည်သည်လည်း ရေးထိုးခြင်းခံထားရသည်။

Oakland မှော်နှင့် စစ်သည် သင်တန်းကျောင်း စဖွင့်ပြီးကတည်းက အရည်အချင်းမရှိဆုံး၊ အညံ့ဆုံးနှင့် အလားအလာမရှိဆုံး မှော်သင်တန်းသူအဖြစ် ရေးထိုးခဲ့ကြခြင်းဖြစ်ပေသည်။

ဤ “အဖြစ်ဆုံး” ဟူသော မှတ်ချက်သုံးခုသည် ချင်ကျင်း၏ မှတ်တမ်းထက် စကားလုံး နှစ်ခုပင်ပိုပြီး မှတ်တမ်းဝင်နေခဲ့ခြင်းဖြစ်ပေသည်။  သို့သော် ထိုမှတ်တမ်းထဲရှိ မှတ်ချက်များက ဂဘရီရယ်လာကို လက်လျော့သွားအောင် မလုပ်နိုင်ခဲ့ပေ။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now