အခန်း( ၁၄ ) မင်းတို့ဒီလောက်တောင် အထိုးခံချင်နေကြတာလား

90 8 0
                                    


                 “သာမန်မျိုးရိုးမှဆင်းသက်လာတဲ့သူတစ်ယောက်ကို သာမာန်လူကတောင် နိုင်အောင်တိုက်ဖို့ဆိုတာ မဖြစ်နိုင်‌တဲ့ တာဝန်တစ်ရပ်ပဲ။ အဓိကသွေးဆက် စွမ်းအင်ကို နှိုးထပြီးပြီဖြစ်တဲ့ နတ်သူငယ်မင်းဆက် စစ်သည်တော်ကို အနိုင်တိုက်ခိုင်းနေတယ်? နည်းပြ Rodriguez က အိမ်မက် အကြီးကြီးမက်နေတာပဲ.....။”

            ချင်ကျင်းသည် ဖြေးညင်းစွာသက်ပြင်းချလိုက်သည်။ သွေးဆက်စစ်သည်တော်ကို မမြင်ဖူးသောသူသည် ထိုစစ်သည်၏ လုပ်နိုင်စွမ်းမည်မျှရှိမည်ကို စိတ်ကူးနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ယောက်မှ သူသည် ထိုသွေးဆက်စစ်သည်တော်တစ်ဦးကို အနိုင်ယူနိုင်လိမ့်မည်ဟုထင်နေပါလျှင် ထိုသူသည် မာနထောင်လွှားသူ တစ်ယောက် သို့မဟုတ် တုံးအလွန်းသူတစ်ဦးပင်ဖြစ်ပေလိမ့်မည်။

            “ပင်မစွမ်းအားနှိုးထခြင်း…နတ်သူငယ်မင်းဆက် စစ်သည်တော်တစ်ဦးဖြစ်နေရင်တောင်မှ....”

ချင်ကျင်းသည် ခေါင်းကို ခါယမ်းလိုက်သည်။ ဤလောကကြီးသည် တရားမျှတမှုမရှိပေ။ သူတို့၏ သွေးဆက်စွမ်းအင်များကို နှိုးထလိုက်နိုင်ရုံဖြင့် အနာဂါတ်တွင် ‌အောင်မြင်နိုင်ခြေများနေသော သူတချို့ရှိသည်။ ထိုသူများသည် ပါရမီသို့မဟုတ် ဉာဏ်ရည်ထက်မြက်မှုများ မလိုအပ်ပဲ သွေးဆက်စွမ်းအင်ကို နှိုးထလိုက်နိုင်ရုံဖြင့် ပါရမီများနှင့် များစွာသော ထက်မြက်မှုတို့ကို ရရှိပြီဖြစ်သောကြောင့်ပင်။

            ချင်ကျင်းသည် သူ့လက်မောင်းများနှင့် ခန္ဓာကိုယ်ကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။ ချင်ကျင်း၏ မျိုးရိုးနာမည်မှာ ချင်ဖြစ်သော်လည်းပဲ သွေးဆက်နှိုးထပွဲ၌ သူ၏ခန္ဓာကိုယ်ထဲမှ သွေးဆက်သည် အဘယ့်ကြောင့် နိုးထမလာရသနည်း။ မြေပုံပေါ်တွင်ဖော်ပြထားသော စွမ်းအင်လေ့ကျင့်‌ရေးစာလိပ်ကို ရှာဖွေရန်အတွက် ဤမြို့သို့လာရောက်ရခြင်းသည်သာ သူ့အတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်သည်။ ချင်ကျင်းသည် မထိုးဖောက်နိုင်သော သွေးဆက်စစ်သည်တော်တစ်ဦး မဖြစ်လာနိုင်သော်လည်း ခွန်အားနှင့် စွမ်းအင်ပမာဏ များစွာကို ရယူကာ တောတွင်းသဘာဝနိယာမများအရ အသက်ရှင်နေထိုင်နည်းကိုတော့ လုပ်ဆောင်နိုင်သေးသည်။ ထိုအဆုံးစွန်အကြမ်းဆုံး သွေးဆက်သုံးဆက်မှ သွေးဆက်စစ်သည်တော်များ ကို မယှဉ်နိုင်သော်လည်း ကံကောင်းလျှင် အားပိုနည်းသော သွေးဆက်ဖြစ်သည့် ဝံပုလွေဘုရင်သွေးဆက်ကိုတော့ နိုင်နိုင်ချေရှိသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now