၅၄

64 7 0
                                    

အခန်း ( ၅၄ )

အိ‌န္ဒြေနှင့် ဂုဏ်သိက္ခာ

 ထင်း...!

ကျယ်လောင်သော သတ္တုတိုက်မိသံနှင့်အတူ မီးပွားများသည် နွေရာသီညများတွင် ပစ်လွှတ်လေ့ရှိသည့် မီးရှူးမီးပန်းများကဲ့သို့ နေရာအနှံ့ ပျံ့လွင့်သွားသည်။

ဖရန်ကလင်သည် ရုတ်တရက် တုန်လှုပ်သွားသည်။ ချင်ကျင်းသည် ထိုတူကို ချက်ချင်းရိုက်ချလိုက်သောအခါ ဖရန်ကလင်သည် သူ့ရှေ့တွင် ရပ်နေသောသူမှာ ချင်ကျင်းအစား နတ်ဘုရားအဆင့် ပန်းပဲဆရာအော်ဗီးလ်၏ သက်တမ်းရှည်ကြာနေသော ရုပ်တုဖြစ်သည်ဟု ခံစားလိုက်ရလေသည်။ ထိုအချိန်တွင် သူသည် အော်ဗီးလ်၏ရုပ်တုမှာ အသက်ဝင်လာ၍ ပြီးပြည့်စုံသောပစ်မှတ်ဖြင့် ပြီးပြည့်စုံသော လမ်းကြောင်းပေါ်သို့ တူကို လွှဲနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤထုရိုက်မှုတွင် အပြောင်းအလဲများစွာ ပါဝင်နေပြီး လိုသလိုချိန်ညှိ၍ ရနေသကဲ့သို့ ဖြစ်နေသည်။ ဤ ရိုက်ချက်များသည် တကယ့်အနုပညာများပင်...။

ထင်း....ထန်......ထင်း.....

ချင်ကျင်းသည် တူအား လွတ်လပ်စွာ လွှဲလိုက်သည်။ သူသည် သံသွန်းလုပ်ခြင်းနှင့် အသားကျလာပြီး သေသေသပ်သပ် ဖြစ်လာသည်။ ဆယ်ကြိမ်ခန့်အကြာတွင် သံသွန်းလုပ်ခြင်းကို ရပ်တန့်ခဲ့သည်။ [အဆင့် ၈ သန့်စင်ပြီးသံ] သည် ပေတုံးပေါ်တွင် ငြိမ်သက်စွာ ရှိနေလေသည်။

ဖရန်ကလင်သည် ချင်ကျင်း ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများမှ မျက်ရည်အချို့ စီးကျလာတော့သည်။ သူသည် စိတ်အားထက်သန်နေပုံရပြီး မျက်နှာသည်လည်း နှစ်လိုဖွယ် ရှိနေလေသည်။ ဖားဖိုထက်တွင် ရှိနေသော သူ့လက်နှစ်ဖက်လုံးသည် စပြီးတုန်တုန်ယင်ယင် ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဖရန်ကလင်သည် နတ်ဘုရားအဆင့် ပန်းပဲဆရာအော်ဗီးလ် ၏ရုပ်တုကိုပြန်စဉ်းစားလိုက်တိုင်းတွင်  ရုပ်တုအတွင်း ထည့်သွင်းထားသည့် နည်းစနစ်များနှင့် အခြေခံမူများကို နားမလည်နိုင်ခဲ့ပါ။ သို့သော် အစောပိုင်းက အခိုက်အတန့်အတွင်း ချင်ကျင်းမှ ဖန်တီးလိုက်သော တူရိုက်ချက်ကြောင့် ဖရန်ကလင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူ့စိတ်ထဲမှာရှိနေတဲ့ ပြဿနာတော်တော်များများကို သလောပေါက်လာခဲ့သည်။ သူသည် ချင်ကျင်း အသုံးပြုသည့် နည်းပညာဖြင့် သံကို မထုတ်နိုင်သေးသော်လည်း သူ၏ ကျွမ်းကျင်မှုများ တိုးတက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now