အခန်း( ၂၀ ) လွှမ်းမိုးမှုကို စတင်ခြင်း

81 8 0
                                    


ချင်ကျင်းသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ကြက်သီးများပင် တဖြန်းဖြန်းထနေခဲ့သည်။ မှော်အတတ်နှင့်သံသွန်းလုပ် သူများ! စွမ်းအားအကြီးဆုံးမှော်ဆရာများနှင့် စစ်သည်တော်များကပင် မှော်အတတ်နှင့်သံသွန်းလုပ်သူများအား ရိုသေလေးစားစွာဆက်ဆံရသည်။ ထိုကဲ့သို့စစ်သည်များနှင့် မှော်ဆရာများသည် မှော်အတတ်နှင့်သံသွန်းလုပ်သူများအကြောင်း ပြောလျှင်မယဉ်ကျေး၍ မရ၊ သူတို့၏အရှေ့‌မှောက်တွင်လဲ မောက်မာစွာမနေဝံ့ကြပေ။

စွမ်းအားကြီးမိသားစုများသာမက တော်ဝင်မိသားစုများကပင် ထို‌မှော်အတတ်နှင့်သံသွန်းလုပ်သူများအား ခေါ်ရန်တပ်မက်ဖွယ်ကောင်းသောကမ်းလှမ်းမှုများ ပေးလေ့ရှိသည်။ အကယ်၍ သူတို့သည်ထိုမိသားစုများအတွက် အလုပ်လုပ်ပေးရန်သဘောတူ‌လိုက်သော်ငြားလည်း အခြားအခကြေးငွေပေး၍ ငှားရမ်းထားသူများသည် ဘုရင့်အကြံပေးများကဲ့သို့ သာမန်ဆက်ဆံ၍မရပေ။

မှော်အတတ်နှင့်သံသွန်းလုပ်သူများ! ထိုလူများသည် မည်သည့်အချိန်မဆို အလိုရှိပါက လူအများ၏ အလေးပေးဆက်ဆံခြင်းနှင့် အာရုံစိုက်မှုများရရှိရန်လုပ်နိုင်သည်။ ၎င်းတို့သည် အစဉ်အမြဲအထူးအခကြေးငွေပေး၍ ငှားရမ်းထားသူများဖြစ်ပြီး အချိန်တိုင်းတွင် အလုပ်လုပ်ရန်မလိုအပ်ကြပေ။ ၎င်းတို့ အလိုရှိသောအချိန်၌ စွမ်းအားကြီးမားသော မိသားစုများကိုပင် ဆန်းကြယ်လှသောပစ္စည်းများအား ဖန်တီး‌ပေးနိုင်သည်။

"မှော်အတတ်နှင့်သံသွန်းလုပ် သူများဆိုပဲ...ဟားဟား"

ထို့နောက် ချင်ကျင်းသည် စိတ်အားထက်သန်လာပြီး ခေါင်းအားခါယမ်းခဲ့သည်။

"မဖြစ်နိုင်တာကွာ။ ဒါပေမယ့် ငါချင်မိသားစုမှာရှိနေတုန်းက မှော်အတတ်နှင့်သံသွန်းလုပ် သူတွေအကြောင်း ကြားရုံပဲကြားဖူးတာ။ တစ်ခါမှတကယ်မမြင်ဖူးခဲ့ဘူး။ ငါသာသူတို့ထဲက တစ်ယောက်ဖြစ်လာလို့ကတော့...."

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now