၄၄

73 7 0
                                    

အခန်း ( ၄၄ )

ဂဘရီရယ်လာနှင့် ဂလိုရီယာ အပိုင်း (၁)

ပထမနှစ်တိုက်ခိုက်ရေး အဆင့်ဆယ်ယောက်အတွင်းမှ အဆင့် ခုနှစ်နှင့် အဆင့်ခြောက်တို့သည် ရုတ်ချည်းနီးပါး ရှုံးနိမ့်သွားကာ အဆင့် ရှစ်သို့ ယာယီကျသွားကြလေသည်။ သူတို့သည် အလွန်လျင်မြန်စွာ ရှုံးနိမ့်သွားကြပြီး ထိုကိစ္စနှင့်ပက်သက်၍ ဘာမျှပင်မပြောနိုင်ကြတော့ချေ။

Rodriguez သည် သူ၏လက်ကို စိတ်လှုပ်ရှားစွာဖြင့် လေထဲတွင် လွှဲနေခဲ့သည်။

"အဲ့ဒါ ငါအနှစ်သက်ဆုံး ကျောင်းသားပဲ! သူကတစ်ယောက်ချင်းပဲ တိုက်တတ်တာမဟုတ်ဘူး။ တိုက်ပွဲ နှစ်ခု၊ အဲ့လိုဆိုရင်တောင်မှ အေးဆေးလေးနိုင်သွားတာပဲ။”

သူ့ကိုယ်သူ စဉ်းစားနေခဲ့သည်။

"ဒါက အရမ်းမိုက်တာပဲ!"

Rodriguez သည် အံ့သြစွာ ပြုံးလိုက်သည်။ သူသည် တိုက်ပွဲ၏ အလယ်ဗဟိုကို ပြန်ကြည့်လိုက်သောအခါ ချင်ကျင်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ ဇယ်လ်ဒါ နှင့် ဖာဘီယို ကားရက်စ်၏ ရင်ဘတ်ပေါ်ရှိ ကတ်ပြား များကိုလည်း ချင်ကျင်းယူဆောင်သွားခဲ့သည်။

"ဒီတစ်ကြိမ်လည်း ပန်းပဲသိုင်းကွက် ပဲလား? လက်နှစ်ဖက်လုံးနဲ့ သံသွန်းတယ်လား”

ဖစ်ခ်က  မျက်လုံးကို မှိတ်ထားကာ သူ့ကိုယ်သူ တွေးနေခဲ့သည်။

"ဒီကလေး အရင်ကလည်း ပန်းပဲပညာကို သင်ယူခဲ့တာလား။ ခဏနေပါအုံး! ပန်းပဲဆရာတွေ သံသွန်းလုပ်တဲ့အခါ လက်တစ်ဖက်တည်းကိုပဲ သုံးကြတာပါ။ ဒီကလေးဟာ သံသွန်းတဲ့ လှုပ်ရှားပုံကို လက်နှစ်ဖက်လုံးသုံးပြီး ချောချောချူချူ ဘယ်လိုလှုပ်ရှားနိုင်နေတာလဲ...။ သူက ပန်းပဲပညာကို အစွမ်းထက်တဲ့ တိုက်ခိုက်နည်းစနစ်လို့ မှတ်ယူထားလို့များလား။"

စီမံခန့်ခွဲမှု ဒါရိုက်တာသည်လည်း သူ့လက်ကို လွှဲလိုက်သည်။ သို့သော် သူသည် ဒေါသတကြီးဖြင့် အောက်ဘက်သို့ လွှဲနေခြင်းဖြစ်သည်။ ထို့နောက်သူသည် ယခုလေးတင် ရှုံးနိမ့်သွားသည့် ကျောင်းသားနှစ်ဦးကိုပင် မကြည့်တော့ဘဲ တောအုပ်ငယ်လေးမှ ထွက်သွားတော့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Wo Geschichten leben. Entdecke jetzt