၇၂

51 4 0
                                    

အခန်း ( ၇၂ )

၁၀၀ = ၁

Oakland မှော်နှင့်စစ်သည် လူသစ်သင်တန်းကျောင်းကို တည်ထောင်ပြီးကတည်းက နတ်ဆိုးသတ်ဖြတ်သူ ဟူ၍ တစ်ခါမျှ ထွက်ပေါ်ခဲ့ခြင်းမရှိပါ။ တန်ဖိုးကြီး အထောက်ကူပြုပစ္စည်းများ (ကျောင်းသားများအတွက် ကျင့်ကြံခြင်းပိုမိုတိုးတက်စေရန် အသုံးပြုကြလေ့ရှိသော အဖိုးတန်ပစ္စည်းများ) နှင့် အစွမ်းထက်သော ကျောင်းသားများကဲ့သို့ ပိုမိုကောင်းမွန်သော အရင်းအမြစ်များရှိသည့် အခြားကျောင်းများသည်လည်း စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။

အဆင့် ၉ စစ်သည်တော်အဆင့်သည် ဘောင်ကန့်သတ်ချက် တစ်ခုဖြစ်ပေသည်။ အကယ်၍ အဆင့် ၁၀သို့ အဆင့်တက်နိုင်ခဲ့ပါက နတ်ဆိုးသတ်ဖြတ်သူ ဖြစ်လာနိုင်ခြင်းသည် အိတ်ထဲသို့ နှိုက်လိုက်ရုံသာ ဖြစ်ပေတော့မည်။ ထိုရာထူးရှိသူအား Oakland မြို့တော်ဝန်ကပင် လျစ်လျူရှုခြင်း မပြုရဲပါ။ ထို့အပြင် မြို့တော်ဝန်ဆီမှ စစ်သည်စုဆောင်းရန် ကမ်းလှမ်းမှုကို ပံ့ပိုးပေးမည့် အလားအလာကောင်း တစ်ခုလည်းရရှိနိုင်မည် ဖြစ်သည်။

Rodriguez က သူ၏ချစ်လှစွာသော ကျောင်းသားသည် ဤသင်တန်းကျောင်း၏ ပထမဆုံး နတ်ဆိုးသတ်ဖြတ်သူ ဖြစ်လာနိုင်သည်ဟူသည့် ထူးဆန်းသောခံစားချက် ရှိနေခဲ့သည်။ တစ်စုံတစ်ယောက်သာ ကျောင်းအုပ်အား ချင်ကျင်းကို သိပ်မကျန်ရှိတော့သည့် စွမ်းအင်ကျောက်တုံးအချို့ဖြင့် ကူညီပေးရန် ဆွဲဆောင်နိုင်သရွေ့တော့ ထိုအရာသည် စိတ်ကူးယဉ်တွေးဆမှုတစ်ခုမျှသာ ဖြစ်နေလိမ့်မည်မဟုတ်တော့ပေ။ အချိန်နှင့်အမျှ သင်တန်းကျောင်းသည် မည်သူ့မျှ မထီမဲ့မြင်မပြုနိုင်သည့် တစ်သန်းထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။

သူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်လာနိုင်သည် ဟူသောအတွေးများက Rodriguez ကို ရွှင်လန်းစွာ ပြုံးနေစေခဲ့သည်။

“စာမေးပွဲက မကြာခင်မှာ ကျင်းပတော့မယ့် အဲ့နေ့ရက်တွေမတိုင်ခင်အထိ သင်ယူစရာတွေတော့ အများကြီး မရှိပါဘူး။ မင်းက အချိန်တိုင်း ကြိုးစားတဲ့အတွက် ရေးဖြေစာမေးပွဲက မင်းအတွက် လွယ်မှာပါ။ ငါပြောမယ်... နောက်ရက်အနည်းငယ်ကြာတဲ့အထိ မင်းအတန်းထဲကို လာစရာမလိုဘူး။ ဖာဘရီဒစ်ဆီကို သွားပြီး ထိုက်တန်တဲ့ အလည်အပတ်ခရီးနဲ့ အချိန်ကုန်ဆုံးပါစေ။ သင်ယူဖို့နဲ့ တိုးတက်ဖို့ အတွက်ပဲ..!"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now