အခန်း ( ၄၁ ) အသေးစိတ်အချက်လက်များကို သတိထားခြင်း

67 7 0
                                    



 "ဘယ်လိုလဲ? ၁၀ နှစ်အတွင်း မင်းက သံသွန်းပညာရှင် ဖြစ်လာမယ်လို့ ငါအာမခံတယ်။"

ချင်ကျင်းအား စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေရင်း ဖာဘရီဒစ်သည် သူ၏ လက်သီးကို တင်းတင်းဆုပ်ထားသည်။

"ချင်ကျင်းက ဒီအရွယ်မှာတောင် ပဉ္စမအဆင့် ပန်းပဲဆရာဖြစ်နေပြီဆိုရင်၊ ၁၀ နှစ်အတွင်မှာပဲ သူ သံသွန်းဆရာ ဖြစ်လာနိုင်တယ်။ အဲ့အခါ စစ်သည်တော် အစည်းရုံးမှာ သံသွန်းပညာရှင်လည်းဖြစ် စစ်သည်တော်လည်းဖြစ်တဲ့သူတစ်ဦး ရှိလာလိမ့်မယ်။ အဲ့လိုဆို စစ်သည်တော် အစည်းရုံးက ပန်းပဲဆရာ အစည်းရုံးကို ရိုရိုကျိုးကျိုး ဆက်ဆံနေစရာလိုတော့မှာ မဟုတ်ဘူး"

သူတွေးလိုက်သည်။

"သံသွန်းပညာရှင်?"

ချင်ကျင်း ခေါင်းကုတ်လိုက်သည်။ သံသွန်းပညာရှင် ဆိုသည်မှာ မည်သည်ကိုဆိုလိုမှန်း သူမသိသော်လည်း အဆင့်အတန်းမြင့်သည့် ရာထူးတစ်ခုဟုထင်ရသည်။ သူသည် သံသွန်းဆရာ ဖြစ်လာနိုင်လျှင် ကောင်းပေလိမ့်မည်၊ သို့သော် အလုပ်သင်တစ်ဦးဖြစ်လာစေရန်အတွက်မူကား...

ချင်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။ အဆုံးမဲ့ကမ္ဘာရှိ အဘိုးကြီးဘလိတ်သည် ပန်းပဲပညာကို ဒေါသကြီးပြီး အရိုင်းဆန်စွာ ပြင်းပြင်းထန်ထန် သင်ပေးသော်လည်း သူသည် သဘောကောင်းပုံရပြီး ချင်ကျင်းအားလည်း ကောင်းကောင်းမွန်မွန်စကားပြောလေ့ရှိသည်။ ဤအခြေအနေမျိုး၌ တခြားတစ်ယောက်၏ အလုပ်သင်ဖြစ်လာခြင်းမှာ...

“ဟမ်…”

ချင်ကျင်းသည် အာရုံပြန်စိုက်ပြီး ဖာဘရီဒစ်ကို ကြည့်၍ ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်အပေါ် အရမ်းသဘောကောင်းတယ်လို့ ပြောနိုင်တယ်။ ကံမကောင်းစွာနဲ့ သင့်ရဲ့ကမ်းလှမ်းချက်ကို ကျွန်တော်ငြင်းပယ်ပါရစေ။ အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ ကျွန်တော်ကတခြားတစ်ယောက်ရဲ့ အလုပ်သင်ဖြစ်ပြီးနေပြီ"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now