၆၅

64 6 0
                                    

အခန်း ( ၆၅ )

တိုက်ပွဲမှ ထိုးထွင်းသိမြင်လာမှုများ

အပြာရောင်ဆေးရည်သည် အနည်းငယ်ချိုပြီး ခဏအတွင်း ဗိုက်အတွင်းသို့ လျှောဆင်းသွားသည်။ ရုတ်တရက်ဆိုသလိုပင် သူ့ခန္ဓာကိုယ်ရှိ ခမ်းခြောက်နေခဲ့သော သိုလှောင်အတွင်းအားများသည် သီးနှံများစိုက်ပျိုးရန် မဖြစ်နိုင်သော မြေကြီးမှ နွေဦးရွက်ပေါက်စများကဲ့သို့ အဆက်မပြတ်ထွက်လာကာ စစ်သည်တော် အတွင်းအားများကို အထွတ်အထိပ်သို့ ရောက်ရန် ပြန်လည်အားဖြည့်ပေးခဲ့သည်။

"ဘယ်လို...ဘယ်လိုဖြစ်သွားတာလဲ။"

ချင်ကျင်းသည် လက်ထဲမှ စွမ်းအားပြန်ပြည့်စေသည့် ဆေးကြောင့် လန့်သွားခဲ့သည်။ ဆေးပုလင်း၏ ဆယ်ပုံတစ်ပုံသည် သူ၏ ခန်းခြောက်နေသော အတွင်းအားကို တခဏချင်း ပြန်လည်အားဖြည့်ပေးနိုင်သည်။

သားရဲ၏ ဟိန်းဟောက်သံသည် ချင်ကျင်းကို အံ့ဩနေရာမှ နိုးကြားသွားစေခဲ့သည်။ ကျန်းမားတာအိုဓား၏ ရေပြင်ညီ ခုတ်ချက်ဖြင့် ချင်ကျင်းသည် လက်မအရွယ် ဝါးပိုက်နှစ်ချောင်းနှင့် လက်နက်ကိုင်ဆောင်ထားသော မျောက်ဝံတစ်ကောင်၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်သည်။

တိရစ္ဆာန်များနှင့် ပြည့်နှက်နေသော အန္တရာယ်ရှိသည့် ဤပတ်ဝန်းကျင်တွင် သစ်ပင်ပေါ်၌ ပုန်းခိုနေခြင်းသည် လုံခြုံသည့်ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါ။ အနံခံအာရုံကောင်းသော သားရဲများသည် မိမိ၏တည်နေရာကို အချိန်တိုအတွင်း ရှာဖွေနိုင်ကြပေလိမ့်မည်။

ချင်ကျင်းသည် သူ၏ဓားရှည်ကို ကိုင်ဆောင်ကာ သစ်ကိုင်းများပေါ်မှ မြေပြင်တွင် တောရိုင်းဝံပုလွေ တစ်ဒါဇင်ထက်မနည်း စုဝေးနေကြသည်ကို ငုံ့၍ကြည့်လိုက်သည်။ ၎င်းတို့သည် သစ်ပင်ပေါ်တက်နိုင်ပါက သူ့ထံသို့ ခုန်ကူးလာကြပေလိမ့်မည်။

အံ့သြစရာကောင်းလှသည့် ဆေးရည်ကို ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း ချင်ကျင်းသည် ဆေးဆိုင်သို့ အချိန်ရလျှင် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ အဆုံးမဲ့ကမ္ဘာတွင် သင်ယူခဲ့သော ပန်းပဲသမားနည်းပညာသည် လက်တွေ့တွင် အသုံးတည့်ခဲ့ခြင်းကြောင့် ဆေးဝါးပညာသည်လည်း လက်တွေ့တွင် အသုံးတည့်နိုင်မည်လော...။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now