အခန်း( ၂၉ ) စစ်မှန်သောအလှတရားဟူသည်

88 8 0
                                    



အတန်းဖော်များစွာသည် ရိုလင်နှင့် ချင်ကျင်း၏အုပ်စုတွင် စုဝေးကြ၍လုပ်၍ စကားပြောကြရန် လုပ်ခဲ့ကြသည်။ ယောက်ျားလေးများ အတူတူရှိနေစဉ် ဆွေးနွေးကြသည့် အကြောင်းအရာမှ တိုက်ခိုက်ခြင်းနှင့် မိန်းကလေးမျာနှင့်အတူ လေ့ကျင့်ခြင်းဖြစ်သည်။ ထိုဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် ဆယ်ကျော်သက် ကောင်လေးများသည် မည်သည့်အရာများဖြစ်နေသည်အား သိပြီးသားဖြစ်ခဲ့ပြီ။

ဂျူးလိယက်ဟူသော အမည်သည် ဤကဲ့သို့စကားဝိုင်းများတွင် အများဆုံးပြောဆိုခံရလေ့ရှိသော မိန်းကလေးအမည်ဖြစ်သည်။ ရိုလင်၏ စကားများကို ချင်ကျင်းကြားယောင်နေမိသည်။

“ကျောင်းမှာ ရေပန်းအစားဆုံး မိန်းကလေးက ယောက်ျားလေးတွေကြာမှာ အကြိမ်ကြိမ် ပြောဆိုခံရတယ်။ တကယ်လို့သာ ယောက်ျားလေးတွေက သူတို့ရဲ့ စိတ်ကူးယဉ်လက်တွဲဖော်ကို မဲပေးရမယ်ဆိုရင်ရင် ဂျူးလိယက်က အသာလေးနဲ့ အများဆုံးရမှာပဲ။”

ချင်ကျင်းကြားဖူးသည့်စကားအရ ဂျူးလိယက်အပေါ် သူ၏ထင်မြင်ချက်မှာ  ဂုဏ်ယူစရာကောင်းသော မိသားစုနောက်ခံရှိခြင်းနှင့် ဂုဏ်ယူစရာကောင်းသောသောကိုယ်ရည်ကိုယ်သွေးရှိခြင်းတို့ရှိပြီး ယောက်ျားများကို အစေခံများနောက်လိုက်များအဖြစ် အသုံးချသည်ဟုထင်နေသည်။

"နင်မနေ့က ငါ့အတွက်နဲ့ ထိပ်တန်းဆယ်နေရာအတွက် တိုက်ပွဲတွေမှာ မပါဝင်မယ့် နင့်ရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ ငါကြားတယ်ဟုတ်လား။ နောက်ပြီးတော့ နင့်ထက် အဆင့်မြင့်တဲ့လူကို အနိုင်ယူခဲ့တာလား။"

ဂျူလိယက်သည် လက်ပိုက်လိုက်ကာ သူမ၏ ရင်ဘတ်အား အပေါ်သို့ တွန်းတင်လိုက်သည်။ သူမ၏ ကျက်သရေရှိလှသောပုံစံအား ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဖော်ပြနေသကဲ့သို့ သူမ၏ မေးစေ့အားအထက်သို့ ညွှန်ပြနေ၍ မျက်လုံးများသည်လည်း ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now