အခန်း (၂) : သင်ကြားခြင်း

200 15 0
                                    


ချင်ကျင်းသည် ထိုတုပကမ္ဘာဂိမ်းဟာ အသုံးမဝင်ခဲ့ခြင်းမဟုတ်ကြောင်း တဖြည်းဖြည်းနားလည်လာခဲ့သည်။

အသက်ရှင်ရန်ကျွမ်းကျင်ထားသင့်သော အတတ်ပညာ တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်ပုံစံများရှိကြသည်။ ချင်ကျင်းသည် ထိုအရာများကိုကြည့်ပြီးနောက် မူးနောက်သွားခဲ့သည်။ သူဘယ်အရာကိုရွေးချယ်မည် ဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် မှော်စနစ်အသံ ထွက်ပေါ်လာခဲ့သည်။

"ကျွန်ုပ်၏အကြံပြုချက်ကတော့ သံရည်ကြိုတာနဲ့ သံပုံစံသွင်းတာကို အရင်ဆုံးလေ့လာဖို့ပဲ။"

"ဘာလို့လဲ။"

"စနစ်ရဲ့စစ်ဆေးချက်အရ သင့်ဆီမှာက ခွန်အားရော ခံနိုင်ရည်အတွက်ပါ အလားအလာကောင်းရှိတယ်။ အဲ့ဒီစွမ်းရည်တွေကိုတိုးတက်အောင်လုပ်ဖို့က သံရည်ကြိုတာနဲ့ သံပုံသွင်းတာက အကောင်းဆုံးနည်းလမ်းတွေပဲ။ သင်က အဲ့ဒီစွမ်းရည်တွေကို အဆင့် ၄၀ ရောက်ဖို့ ခဏလေးပဲကြိုးစားဖို့လိုမှာပါ။ ပြီးတာနဲ့ သင်ကတကယ့် ဂိမ်းအစစ်ကိုဆော့ကစားလို့ရလောက်ပါပြီ။"

"နေပါဦး...ခင်ဗျားပြောချင်တာက ကျွန်တော်ကဂိမ်းကို အခုစဆော့လို့မရသေးတာပေါ့။" ချင်ကျင်းသည် နားထောင်ရင်းနှင့် တစ်ခုခုမှားနေကြောင်းခံစားမိလာခဲ့သည်။

"ဟုတ်တယ်။ စစ်ဆေးထားတဲ့အချက်အလက်တွေအရ သင့်ရဲ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက သာမန်ထက်အလွန်နိမ့်နေသေးတယ်။ သင်က တကယ့်ဂိမ်းမ‌ကစားခင် လေ့ကျင့်ခန်းအနည်းငယ် လုပ်ရလိမ့်မယ်။"

"ငါ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်ထက်အလွန်နိမ့်နေတယ်..." ထိုစကားဟာ ကသိကအောင့်ဖြစ်စေခဲ့သည်။ ချင်ကျင်းသည် သူ့ကိုယ်သူ ထိုစာကြောင်းအား အကြိမ်အရေအတွက် အနည်းငယ်ပြောပြီးနောက် သိရှိလာခဲ့သည်။ "ဒါက ငါ့ခန္ဓာကိုယ်ကို မူမှန်ဘူးလို့ဆိုလိုတာမဟုတ်ဘူးလား"

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now