၆၈

67 4 0
                                    

အခန်း ( ၆၈ )

နတ်ဘုရားအဆင့်ပစ္စည်းများ

စစ်သည်တော်တစ်ဦး၏ အတွင်းအားအဆင့် မြင့်မားလေလေ သူသည် စွမ်းအင်ကိုပို၍ သုံးရလာလေလေဟု ချင်ကျင်း သိလာခဲ့သည်။ သို့သော်လည်း အမြဲတမ်း ပြင်းထန်လှသော တိုက်ပွဲများနှင့် အဆုံးမဲ့ကမ္ဘာတွင် စစ်သည်တော် အတွင်းအားများ ကြီးထွားလာသည်နှင့်အမျှ စစ်သည်တော်အတွင်းအား အဆင့်မြင့်တက်လာမှု နှုန်းသည် အလွန်နှေးကွေးသွားခဲ့သည်။

ချင်ကျင်းသည် လက်ထဲတွင် ကျန်းမားတာအိုဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း လာရာလမ်းအတိုင်းပြန်သွားနေခဲ့သည်။ သူသည် တောင်တန်းဌာနချုပ်တွင် ခေါင်းဖြတ်ကာ အဆုံးစီရင်ပေးခဲ့သည့် ဓါးသမားများသည် အသက် ပြန်ဝင်လာသည်ကို မယုံနိုင်လောက်‌အောင်တွေ့ရှိခဲ့ရလေသည်။

သူသည် ဤနေရာသို့ရောက်လာခဲ့ကာ တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သော်လည်း နောက်တစ်ကြိမ် သတ်ဖြတ်မှုကို ပြုလုပ်ရပြန်အုံးမည်။

တောင်တန်းဌာနချုပ်အတွင်း၌ ခြေချရင်း ချန်ကျင်းသည် စကားတစ်ခွန်းမှ မပြောဘဲ အနှစ်တစ်ရာ သက်တမ်းရှိသည့် ရေခဲသံကို ချလိုက်သည်။ တိုက်ပွဲဖြစ်တော့မည်မှာ သေချာသဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူ၏ အဆင့် ၉ စစ်သည်တော် အတွင်းအားသည် လက်နက်ထဲသို့ ဝင်ရောက်လာပြီး တောက်ပနေသော ကျန်းမားတာအိုဓားသည် ဌာနချုပ်အတွင်း အပေါ်အောက် ပျံနေခဲ့သည်။

နောက်ထပ်နှစ်ရက် ကုန်သွားခဲ့သည်။ ချင်ကျင်းသည် တစ်ကိုယ်လုံးတွင် သွေးစွန်းထင်းနေပြီး ကျန်းမားတာအိုဓားကို လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကာ အေးချမ်းသောရွာ၏ အပြင်ဘက်အဝင်ဝတွင် ရပ်နေခဲ့သည်။ ထိုအချိန်တွင် သူအနည်းငယ်တော့ စိတ်လှုပ်ရှားနေသလို ခံစားနေရလေသည်။

ချင်ကျင်း သည် သူ့တာဝန်ကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မည်ဟု အစက ထင်ခဲ့သော်လည်း အမှန်တွင် ၎င်းကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ငါးရက်ပင်ကြာခဲ့လေသည်။ ထို့အပြင် ခရီးတစ်လျှောက်တွင် ခေါင်းဖြတ်ခံလိုက်ရသော ဓားသမားများ၏ သေစေလောက်သော ခုတ်ချက်များနှင့် ဝံပုလွေများမှ ကိုက်ဖြဲခြင်းတို့ကိုလည်း ကြိမ်ဖန်များစွာ ခံခဲ့ရသည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now