၉၂၆- ၉၃၀

En başından başla
                                    

    “ကျေးဇူးတင်ပါတယ်…စီနီယာသိုင်းဘုရင်သားရဲ"
    အောက်တုံဖန်း၊ စုချင်းချင်း၊ အန်လင်းနှင့် ဟွာကျိဝူတောက်တို့ ပထမဆုံးတုံ့ပြန်လိုက်သည်။
     သူတို့ လက်သီးစုကာ ပြောလိုက်ပြီးနောက် တံခါးထဲ ခုန်ဝင်သွားလိုက်ကြသည်။

    ကျန်ရှိသော တပည့်များမှာ သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။

      သူတို့သည် နှုတ်ဆက်ပြီးနောက် တံခါးထဲဝင်သွားကြသည်။

     ချင်နန် ရှေ့သို့ လှမ်းလိုက်သည်နှင့် သူ၏ စိတ်ထဲ၌ နူးညံ့သော အသံတစ်သံထွက်ပေါ်လာသည်။

     “မောင်လေးချင်နန်…အကောင်းဆုံးကြိုးစား…အစ်မတို့သုံးယောက်ကို စိတ်မပျက်စေနဲ့"
     ကိုးမြီးသိုင်းဘုရင်သားရဲ ဆွဲဆောင်မှုရှိစွာဖြင့် မျက်တောင်ပုတ်ခတ်လိုက်သည်။

     ချင်နန် ချောင်းဆိုးသွားကာ သူ၏ အတွေးများကို စုစည်းပြီးနောက် ရောင်စုံတံခါးထဲ ခြေချလိုက်သည်။

      ကိုးမြီးသိုင်းဘုရင်သားရဲချက်ချင်းပင် ရယ်မောလိုက်ရာ ထိပ်ပိုင်းခေါင်းဆောင်များ ရှုပ်ထွေးသွားသည်။
     ကိုးမြီးသိုင်းဘုရင်သားရဲ အဘယ်ကြောင့်ပျော်ရွှင်နေကြောင်း သူတို့ မသိကြပေ။

      “မောင်လေးချင်နန်…အစ်မနင့်ကို ဟာသလုပ်နေတာမဟုတ်ဘူး…အစ်မတို့သုံးယောက် နင်အံ့ဩစရာတစ်ခုခု လုပ်ပြတာကို စောင့်နေမယ်"
     ကိုးမြီးသိုင်းဘုရင်သားရဲ သူမ၏ နှလုံးသားထဲ တွေးတောလိုက်ပြီး…

   ထိုစဉ်အတောအတွင်း ကိုးမြီးကမ္ဘာထဲတွင်…

    ဝှစ်…

     ချင်နန် မြေပြင်ပေါ် ခြေချလိုက်သည်နှင့် သူ၏ ပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးလိုက်သည်။

    ကောင်းကင်မှာ ပန်းရောင်ဖြစ်ပြီး သူ၏ ဝန်းကျင်၌ ခပ်ဖျော့ဖျော့အော်ရာတစ်ခုကို တွေ့မြင်နိုင်သည်။ သူ၏ မနီးမဝေး၌ တောအုပ်တစ်ခု၊ မြစ်တစ်စင်းနှင့် ထူးဆန်းသော မြက်ပင်များ ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။

     “ကိုးမြီးမျိုးနွယ်စုက သွေးဆောင်တဲ့ ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့သူတွေပဲ…ဒါကြောင့်မလို့ ဒီကိုးမြီးကမ္ဘာက ငါတို့ရဲ့ စိတ်တွေကို လွှမ်းမိုးလိမ့်မယ်"
      ချင်နန် ကိုးမြီးကမ္ဘာအပေါ် နားလည်မှုတစ်ခုရရှိသွားပြီး တီးတိုးရေရွတ်လိုက်သည်။
     ထို့နောက် သူ၏ အကြည့်များ စူးရှသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Hikayelerin yaşadığı yer. Şimdi keşfedin