၇၀၁ - ၇၀၅

Start from the beginning
                                    

    “ကျုပ် အချိန်တစ်ခုထိ ထွက်သွားဖို့လိုတယ်…နောက်နှစ်လကုန်ရင် တာအိုရှာဖွေခြင်းတောင်ကို သွားမယ်"
    ချင်နန် အသက်ပြင်းပြင်း ရှူလိုက်သည်။

     “အချိန်က အရမ်းတိုတောင်းလွန်းတယ်…ကျုပ်ကို ခွင့်ပြုပါဦး…နောက်မှ တွေ့မယ်"
     ချင်နန် ခြေတစ်ချက်ကန်ကာ အက်ကွဲကြောင်းတစ်ခုကို ဖန်တီးပြီးနောက် တည်နေရာကူးလူးသွားလိုက်သည်။

      လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် ကျိုးပိဟွှာ၏ လက်သည် တောင့်တင်းနေပြီး ကြက်သေသေနေသည်။ သူသည် ချင်နန်၏ စရိုက်နှင့် အတော်လေးကျွမ်းဝင်သည်။ ထို့ကြောင့် ချင်နန်သည် မယုံနိုင်လောက်စရာ တစ်စုံတစ်ခုအား စီစဉ်နေကြောင်းကို သူပြောနိုင်ပေသည်။

    ………

    ………

     အက်ကွဲကြောင်းထဲတွင်…

     ချင်နန်သည် သိုင်းဘီဘင်နှစ်ယောက်ကို တီးတိုးပြောလိုက်သည်။
     “စီနီယာတို့…အချိန်မရှိတော့လို့ ကျုပ်ခင်ဗျားတို့ကို ပျက်စီးခြင်းချီတစ်သိန်းမပေးနိုင်တော့ဘူး…ကျုပ်မှာ ငါးသောင်းပဲ ရှိတယ်…ကျုပ်ခင်ဗျားတို့ကို ပြီးကျရင် ထပ်ပေးမယ်…အဆင်ပြေလား"

      “ငါတို့မှာ ရွေးချယ်စရာရှိလို့လား…အဲလိုပဲ ထားလိုက်တော့…ငါမင်းကို ပေးတဲ့ မြေပုံအတိုင်းသွားလိုက်"
    မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းဘီဘင် ညည်းညူလိုက်သည်။ သို့သော်လည်း ချင်နန်သည် လက်နက်အတိုအထွာများကို ပြန်လည်ကောင်းမွန်အောင် လုပ်၍ လွမ်ကလန်ကို ရက်ရောစွာဖြင့် အဓိကတုံးများ ပေးခဲ့ကြောင်းကို သူတို့ မြင်တွေ့ခဲ့ရသည်။ သူတို့သည် ချင်နန်၏ စရိုက်ကို အတော်လေး သဘောကျခဲ့သည်။
     သူတို့သည် သူ၏ စကားကို ယုံကြည်စိတ်ချခဲ့ကြသည်။
   
     ချင်နန် စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။
     သူသည် အတိုအထွာများကို ဆက်လက်စုဆောင်းပြီး လက်နက်များကို ရောင်းချပါက သူလိုအပ်သော ပျက်စီးခြင်းချီပမာဏကို အလွယ်တကူ ထုတ်လုပ်နိုင်ပေသည်။ သို့သော်လည်း သူသည် ထိုသို့ပြုလုပ်ရန် တစ်ဆယ်ရက် ဖြုန်းပြီးသွားပြီဖြစ်သောကြောင့် အကယ်၍ သူ အချိန်ဆက်ဖြုန်းနေပါက ‘ဒီ'အဆင့်တစ်ဆယ်သိုင်းဝိညာဉ်နှင့်ပင် ကောင်းကင်အားဆန့်ကျင်သည့် သိုင်းအရှင်အထွတ်အထိပ်အဆင့်သို့ တက်ရန် မဖြစ်နိုင်ပေ။
    သူ၏ ခန့်မှန်းချက်အရ အဓိကတုံးတစ်ဆယ့်ခုနှစ်သန်းသည် နတ်ဘုရားသိုင်းဝိညာဉ် အဆင့်တက်ရန်အတွက် လုံလောက်သင့်သည်။
     မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းဘီဘင်ပေးသည့် မြေပုံမှ လမ်းညွှန်မှုအတိုင်း ချင်နန်သည် အမြန်ဆုံးနှုန်းထားဖြင့် အက်ကွဲကြောင်းထဲတွင် ခုန်ကူးနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now