၆၃၁ - ၆၃၅

Începe de la început
                                    

    “နီလာသွေးသမုဒ္ဒရာသွားဖို့ အချိန်ကျပြီ"
   ချင်နန်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားသည်။

   နီလာသွေးသမုဒ္ဒရာအသက်ဝင်ရန်အတွက် ရက်အနည်းငယ်သာ ကျန်တော့သည်။ ထိုနေရာအကြောင်းကို သေချာသိရှိရန်အတွက် သူ စောစောရသွားရမည်ဖြစ်သည်။
     သူ၏ စိုးရိမ်ပူပန်မှုမှာ ထောင်ချင်းစန့်တို့ လူစု လွန်ခဲ့သော တစ်လအတွင်း သိုင်းသူတော်စင်အဆင့်သို့ အောင်မြင်စွာတက်နိုင်ခြင်းရှိမရှိကို ဖြစ်သည်။

    “ချင်နန် ဗာမီလီယံငှက်တပ်စုကို လာခဲ့"
    ထိုအချိန်၌ ဗာမီလီယံငှက်မြင့်မြတ်တံဆိပ်မှ ကျိုးပိဟွှာ၏ အသံကို ကြားလိုက်ရသည်။

   ကျွမ်းကျင်သူလေးယောက် စွမ်းအားပြည့်ဝသွားကြပြီလား…

    ချင်နန်သည် ချက်ချင်းပင် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဗာမီလီယံငှက်တပ်စုသို့ ပြန်လာခဲ့လိုက်သည်။

   သူကျင့်ကြံခြင်းခန်းမထဲ ခြေချလိုက်သည်နှင့် ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ သွေးတောင်ပံဗာမီလီယံငှက်၊ နိုင်ငံကာကွယ်သူလိပ်နက်နှင့် ကျိုးပိဟွှာတို့၏ အော်ရာများသည် မတည်ငြိမ်သေးဘဲ ဖြူဖျော့သော မျက်နှာဖြင့်သာ ရှိနေသေးကြောင်းကို သူတွေ့လိုက်ရသည်။ သူတို့ အပြည့်အဝပြန်လည်ကောင်းမွန်လာရန်အတွက် အချိန် လိုဦးမည်ဖြစ်ကြောင်း ထင်ရှားပေသည်။

    “အိုး…သွမ့်ချင်း…မင်းဘယ်လောက်ကြာကြာ အမှန်တရားကို ဝှက်ထားချင်တာလဲ…မင်းက ချင်နန်ဖြစ်လိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မိမှာလဲ"
   ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် မချိပြုံးပြုံး၍ ပြောလိုက်သည်။

   ချင်နန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးနေကြသော ကျိုးပိဟွှာနှင့် သွေးတောင်ပံဗာမီလီယံငှက်ကို ကြည့်လိုက်သည်။

   “ကလေး မစိုးရိမ်ပါနဲ့…တကယ်လို့ မင်းက ချင်နန်ဆိုရင်တောင် ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံဘုရင်က မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး"
    နိုင်ငံကာကွယ်သူလိပ်နက် ပြောလိုက်၏။
   “မေးခွန်းက တာအိုရှာဖွေခြင်းတောင် မင်းကို အရူးအမူးလိုက်ဖမ်းဖို့အတွက် မင်းဘာတွေ လုပ်ခဲ့တာလဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Unde poveștirile trăiesc. Descoperă acum