၅၅၁ - ၅၅၅

Start from the beginning
                                    

    ပတ်ဝန်းကျင်မှ မင်းသားများ အလွန်အံ့အားသင့်သွားသည်။

     ခွက်မှ ထုတ်ဖော်နေသော အော်ရာတစ်ခုတည်းကပင် သူတို့အား ခွက်ကို မဖမ်းရဲ‌‌စေရန် ခြိမ်းခြောက်နိုင်ပေသည်။

     “ဒါလေးပဲလား..."
     သေမင်းဧကရာဇ်သည် အထင်သေးစွာဖြင့် ကြည့်ရှုလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ဖဝါးထဲမှ မရေမတွက်နိုင်သော သေလွန်ဝိညာဉ်များထွက်ပေါ်လာပြီး ပုံရိပ်ယောင်လက်သည်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ ရှေ့မှ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။

    သေမင်းလက်သည်း...

   နေရာသည် တစ်စပြင်တစ်ခုအလား တိတ်ဆိတ်သွားသည်။

     ဝှစ်...

     ဗာမီလီယံငှက်တပ်စု၏ အော်ရာပင် သေမင်းလက်သည်း၏ လွှမ်းမိုးမှုအောက်တွင် အားနည်းသွားသည်။

    မျက်တောင်တစ်ခတ်အတွင်းမှာပင် ခွက်အား လွှမ်းခြုံထားသည့် ဗာမီလီယံငှက်အော်ရာသည် ပျောက်ကွယ်သွားပြီး စွမ်းအားတစ်ဆယ်ပုံတစ်ပုံသာ ကျန်ရှိတော့သည်။ သေမင်းဧကရာဇ်သည် ထိုခွက်အား နောက်ဆုတ်သွားခြင်းမရှိဘဲ အလွယ်တကူ ဖမ်းနိုင်ခဲ့သည်။

     “ဒါ..."
     မင်းသားများနှင့် ဂျီးနီးယပ်များ၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

     ကျင့်ကြံသူကျန်းက ဒီအရမ်းအစွမ်းထက်တဲ့ တိုက်ခိုက်မှုကို အလွယ်တကူချေဖျက်နိုင်ခဲ့တယ်လား...

    သူက ကျင့်ကြံမှုသိုင်းအရှင်အဆင့်တစ်ဝက်လေးနဲ့ ဘယ်လိုလုပ် ဒီလိုကြောက်မက်ဖွယ်ရာစွမ်းအားကို ပိုင်ဆိုင်တာလဲ...

      “ဟား...ဟား...ကောင်းတယ်"
     ပထမမင်းသား စိတ်အားတက်ကြွစွာဖြင့် ရယ်မောလိုက်သည်။ သူသည် လူအုပ်ကြီးအား သွေးကြီးစွာဖြင့် ဝှေ့ကြည့်လိုက်သည်။

      တတိယမင်းသား၏ မျက်နှာ မှုန်မှိုင်းသွားပြီး လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။

     “သွမ့်ချင်း...ဒါက ပထမခွက်ပဲ"
     သေမင်းဧကရာဇ်သည် သူ၏ လက်ထဲမှ ခွက်အားမြှောက်ကာ သူ၏ လက်ချောင်းများဖြင့် ဖိချေလိုက်သည်။ ဝိုင်ခွက်သည် အပိုင်းအစများဖြစ်သွားပြီး အထဲမှ ဝိုင်များသည် နေရာအနှံ့ ပြန့်ကျဲသွားကာ သူ၏ ပြိုင်ဘက်ကို အရှက်ခွဲလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now