၅၃၁ - ၅၃၅

Începe de la început
                                    

     “ဒါသွေးမှော်ခန္ဓာကိုယ်ကြံ့ခိုင်မှုပညာရပ်မလား"
     ရွှယ်မန်၏ မျက်နှာ အလွန်အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။

     “ဗာမီလီယံငှက်မီးဓားပညာ....ဒါက ဗာမီလီယံငှက်ရဲ့ မီးဓားပညာပေါ့"
     “ဗာမီလီယံငှက်လှည့်ပတ်ခြင်းကိုးခုပညာရပ်...ဒါက ဗာမီလီယံငှက်လှည့်ပတ်ခြင်းကိုးခုပညာရပ်ပဲ"
     ရွှယ်မန်သာမက ရှန်ဖိန်းနှင့် စုချန်တို့သည် တုန်ရီနေသည့် အသံများဖြင့် အလန့်တကြား ရေရွတ်လိုက်သည်။

     ဤရှေးဟောင်းသိုင်းပညာများသည် သူတို့ အိပ်မက်မက်ခဲ့သော ရှေးဟောင်းသိုင်းပညာများ ဖြစ်ကြသည်။

     ချင်နန် တစ်ချက် ပြုံးလိုက်၏။
     စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးသည် အလွန်ထူးခြားပေသည်။ အကြည့်တစ်ချက်နှင့်ပင် သူသည် သူ့အဖွဲ့သားများအတွက် သင့်လျော်သော သိုင်းပညာများကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူသည် သူတို့အတွက် ဤသိုင်းပညာများကို အထူးရွေးချယ်ခဲ့သည်။

    အကြီးအကဲဝမ်၊ မူချန်ရယ်နှင့် အခြားသူများ မှင်တက်မိန်းမောသွားကြသည်။

    သိုင်းပညာအမျိုးအစား မြောက်မြားစွာ ရှိသဖြင့် အသင့်တော်ဆုံးရှေးဟောင်းသိုင်းပညာကို ရွေးချယ်ရန်မှာ အလွန်ခက်ခဲပေသည်။

     သို့သော်လည်း...သွမ့်ချင်းသည် ဤကဲ့သို့ လုပ်ခဲ့သည်။

    ရှေးဟောင်းသိုင်းပညာလေးခု...

    တစ်ခုစီတိုင်းသည် လူတိုင်းအတွက် သင့်လျော်‌သည်။

    “အဖွဲ့ခေါင်းဆောင်...အဖွဲ့ခေါင်းဆောင်သွမ့်ချင်း"
     ရွှယ်မန်၊ ရှန်ဖိန်းနှင့် စုချန်တို့သည် ချင်နန်အား အပြစ်တင်ရှိခြင်းနှင့် ကျေးဇူးတင်ခြင်းရောပြွန်းနေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် ယခင်က သွမ့်ချင်းကို မယုံကြည်ခဲ့ကြပေ။

     ဒါပေမဲ့ ရလဒ်ကကော...

     သွမ့်ချင်းသည် သူတို့အတွက် ရှေးဟောင်းသိုင်းပညာများကို ရွေးချယ်ခဲ့ပြီး သူတို့အတွက် အကောင်းဆုံးများ
ဖြစ်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Unde poveștirile trăiesc. Descoperă acum