၄၈၆ - ၄၉၀

Start from the beginning
                                    

      ဒီအဘိုးကြီးက သိုင်းသူတော်စင်မဟုတ်ဘူးလား...

     ဘာလို့ သူ့ရဲ့ အော်ရာက သိုင်းဘုရင်ထက်တောင် ကျော်လွန်နေတာလဲ...

    “ဒူးထောက်"
     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် သေမင်းဧကရာဇ်၏ စိတ်ဝိညာဉ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

     သေမင်းဧကရာဇ် မတုံ့ပြန်နိုင်သေးခင်မှာပင် သူ ကမ်းခြေသို့ လွင်စင်သွားကာ သတိလစ်သွားသည်။

    “နိုးထတော့"
    ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ချင်နန်အား ကြည့်ကာ ကျယ်လောင်စွာ ‌အော်ပြောလိုက်သည်။

     ဘန်း...

     နက်နဲကာ လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုသည် ချင်နန်၏ နတ်ဘုရားအာရုံထဲ ဝင်ရောက်သွားပြီး သူ သတိပြန်ဝင်သွားခဲ့သည်။ သူ၏ မျက်လုံးများသည်လည်း တဖြည်းဖြည်း ပွင့်လာသည်။

     “ချင်းလုံ...မြင့်မြတ်နေရာခေါင်းဆောင်"
     ချင်နန် မျက်လုံး ပွင့်လာသည့်အခါတွင် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ကို မြင်လိုက်ရသည်။ သူ အလွန်အံ့အားသင့်သွားသည်။
 
      ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်က ပိတ်မိနေတာမဟုတ်ဘူးလား...

     သူက ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ...

     ပြီးတော့ ဘာလို့ သူ့ရဲ့ အော်ရာက အရမ်းကြောက်ဖို့ကောင်းနေတာလဲ...

     “ချင်နန်...ငါ သေမင်းဧကရာဇ်ကို မသတ်ဘူး...အနာဂတ်မှာ မင်းရှင်းဖို့အတွက် ငါထားခဲ့မယ်"
     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ကြည်သာသော အသံဖြင့် ပြောလိုက်သည်။
     “ငါ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနဲ့ အခြားသူတွေကိုလည်း မသတ်ဘူး...သူတို့ကို မင်းဘာသာမင်း ရှင်းလိုက်...အခြားပုရွက်ဆိတ်တွေကိုတော့ ငါမင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ ရှင်းပစ်ပေးမယ်"

      ချင်နန် ပြန်မပြောရသေးခင်မှာပင် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် နောက်လှည့်ကာ ဖနောင့်ပေါက်လိုက်သည်။

      ဘန်း...

     ရုတ်တရက် အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားပြီး ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် ထိပ်ပိုင်းခေါင်းဆောင်ယန်နှင့် အခြားသူများ ရှေ့သို့ ရောက်ရှိသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now