၃၃၁ - ၃၃၅

Start from the beginning
                                    

     ချင်းလုံမြင့်မြတ်နေရာမှ နောက်ထပ်ရောက်ရှိလာသော သံတမန်ရှစ်ဦးသည် အလွန်အံ့အားသင့်သွားကြသည်။ ချင်းလုံမြင့်မြတ်နေရာမှ သံတမန်များဆိုပါက စကားထဲပင် ထည့်ပြောစရာမလိုတော့ပေ။

     “ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုက ချင်နန့်ကိုရဖို့ ဒီလိုလုပ်လိုက်တာလား"

     “ဘောပဲ..."

     “ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုက ဘာကြောင်နေတာလဲ...ချင်နန် ဘယ်လောက်ထူးခြားထူးခြား ကိစ္စမရှိဘူး...သူက ကျန်းပိလန်နဲ့ အခြားဂျီးနီးယပ်သုံးယောက်ရဲ့ စွမ်းရည်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

     “ငါတို့ ချင်းလုံမြင့်မြတ်နေရာမှာ ရွေးချယ်ပွဲလုပ်တာက အတော်ဆုံးဂျီးနီးယပ်တွေ စုဆောင်းနိုင်တဲ့ အခွင့်အရေးကောင်းကြီးတစ်ခုကို ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုက ဘာလို့ ဒီဂျီးနီးယပ်တွေကို လက်လွှတ်လိုက်တာလဲ...ဒါတော့ အရမ်းလွန်သွားပြီ"

     “........."

     ထိပ်ပိုင်းခေါင်းဆောင်များ၏ နှလုံးသားထဲတွင် ဒေါသများပေါက်ဖွားလာပြီး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်ကြသည်။

     မင်းက ပထမထိပ်ပိုင်းခေါင်းဆောင်ဖြစ်တာနဲ့ လုပ်ချင်သလိုလုပ်နေတယ်ပေါ့...

     ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည် ဖေးရန်မြင့်မြတ်နေရာမှ ထိပ်ပိုင်းခေါင်းဆောင်သုံး‌ယောက်ကို ကြည့်လိုက်သည်။  ဒီအဘိုးကြီးသုံးယောက်သည် ဤကဲ့သို့ အခြေအနေတွင် သူ၏ နောက်ကျောအား ဓားနှင့် ထိုးရန်မမေ့ပေ။ သို့သော်လည်း ထိပ်ပိုင်းခေါင်ဆောင်သွမ့်မု၏ မျက်လုံးထဲတွင် ပြတ်သားသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
     ကျန်းပိလန်၏ ရလဒ်မှာ အလွန်အံ့ဩတုန်လှုပ်ဖွယ်ရာဖြစ်သော်လည်း ချင်နန်သည် သူမထက် မသာလွန်နိုင်ဘူးဟု ဆိုလိုနိုင်ပါသလော။

      “ချင်နန် မင်းငါ့ကို စိတ်မပျက်စေနဲ့"
     ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည် တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် လူအုပ်ကြီး၏ စကားများကို လုံးဝလျစ်လျူရှုလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now