၂၂၁ - ၂၂၅

Bắt đầu từ đầu
                                    

    “ မင်းက တာ၀န်ကို ပြီးဆုံးသွားပြီလား "
     လူငယ်သည် ရောက်ရောက်ခြင်း ချင်နန်ကို သူ၏ အစိမ်းရောင်မျက်လုံးများဖြင့် စစ်ဆေးလိုက်ပြီးနောက် သူ၏ မျက်နှာ မှုန်ကုတ်သွားသည်။
     “ မင့်ရဲ့ ရှင်တန်အဆင့်ကျင့်ကြံမှုလေးနဲ့ သားရဲဘယ်နှစ်ကောင် သတ်နိုင်မှာမလို့လဲ...ငါမင်းကိုပြောမယ်...ငါရဲ့အချိန်က အဖိုးတန်တယ်...မင်း ငါ့ရဲ့အချိန်ကို ဖြုန်းမယ်ဆိုရင် အကျိုးဆက်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထား "
   
    ဤ လူငယ်၏ နာမည်မှာ မာချန်ဖြစ်ပြီး ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်ဖြင့် အတွင်းစည်းတပည့်များကြားထဲတွင် အဆင့်လေးဖြစ်သည်။
    ဒီ ရက်ပိုင်းတွင် သူ စိတ်ကြည်လင်မှု မရှိပေ။ ဂိုဏ်းထဲမှ အပြောင်းအလဲများကြောင့် တပည့်များစွာသည် ဘေးဆိုးကို ရှောင်တိမ်းရန်အတွက် အဆင်ပြေမည့် တစ်နေရာရာကို ထွက်ခွာသွားခဲ့ကြသည်။ ရလဒ်အနေဖြင့် သူ့အတွက် သားရဲအမြုတေရှာဖွေပေးမည့်သူ မရှိတော့ချေ။ ထို့ကြောင့်သူ၏ ကျင့်ကြံမှုမှာ တန့်နေလျက် ရှိသည်။
    ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဝာ၀န်ပြီးဆုံးပြီဟု အကြောင်းကြားသောအခါ ချက်ချင်း သူ၏ အလျင်မြန်ဆုံးအရှိန်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ရှင်တန်အဆင့်ကျင့်ကြံသူသာ ဖြစ်သဖြင့် သူ့ကို ပို၍ စိတ်မကြည်မသာ ဖြစ်သွားစေခဲ့သည်။

    ရှင်တန်အဆင့်ကျင့်ကြံသူက သားရဲဘယ်နှစ်ကောင် သတ်နိုင်မှာ မလို့လဲ...
   
    ထိုစကားကြားသောအခါ ချင်နန်သည် အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပြီး
    “ စီနီယာအစ်ကို...ခင်ဗျား ဘာကြောင့် ကျွန်တော့်ကို အကြည့်တစ်ချက်တည်းထဲနဲ့ ဆုံးဖြတ်ရတာလဲ...ခင်ဗျားကို ကြည့်ရတာ စိတ်မကြည်တဲ့ပုံပဲ...စကားမစပ် ကျွန်တော် ခင်ဗျားကို မေးစရာတစ်ခုရှိတယ်...ခင်ဗျား ကျွန်တော့်ကိုပေးဖို့ လုံလောက်တဲ့ အင်ပါယာဆေးလုံးတွေရှိလား "
   
    “ မင်း "
    အပြင်စည်းတပည့်တစ်ယောက်၏ ပြောင်လှောင်မှုကို ခံလိုက်ရသောအခါ ‌မာချင် ချက်ချင်းပင် ဒေါသထွက်သွားသည်။

    မင်း ဘာကိုဆိုလိုလာလဲ...ငါ့ရဲ့ အကဲဖြတ်မှုကပဲ မှားတာလား...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ