၂၀၁ - ၂၀၅

Start from the beginning
                                    

    ထိုအချိန်၌ ရှီဖန်းရှောင် မတုံ့ပြန်နိုင်သေးခင်မှာပင် ချင်နန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ‌သူ၏ နောက်ကျောမှ နောက်ထပ်ဆေဘာဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ တစ်ချက်လွှဲယမ်းလိုက်သည့် အချိန်မှာပင် ဆေဘာစွမ်းအင်များနှင့်အတူ ဓားနှစ်လက်သည် သုံရှောက်ရှီထံသို့ ဝဲပျံလာသည်။

     သုံရှောက်ရှီသည် သွေးအန်ချင်သလို ခံစားလိုက်ရသည်။ သူ ပထမအန္တရာယ်ကို ဖြေရှင်းပြီးနောက် ချင်နန်သည် ဆက်လက်တိုက်ခိုက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ သူ၏ နှလုံးသားထဲတွင် အလွန်မုန်းတီးနေသော်လည်း လေကိုထိုးခွင်းပြီး နီးကပ်လာသည့် ဆေဘာဓားနှစ်ချောင်းကိုကြည့်ကာ သူ၏ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသည်။

     “တိကျပြည့်စုံတဲ့ မြှားတွေ"
     ထိုအချိန်၌ သုံရှောက်ရှီသည် သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။
     သူ၏ သိုင်းဝိညာဉ်မှာ ရှည်လျားသည့် လေးတစ်လက်ဖြစ်သည်။

     သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်ပြီးနောက် သူ၏ မြှားကျည်တောက်များထဲမှ မြှားရှစ်ဆယ့်ခြောက်ချောင်းလုံးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ ရှေ့ကို မြှားမိုးများ ရွာသွန်းသည့်ပမာ အဆက်မပြတ် ပစ်လွှတ်လိုက်သည်။

     ဘန်း...ဘန်း...ဘန်း...

     ဆက်တိုက်ပေါက်ကွဲသံများ ကြားလိုက်ရသည်။    ဆေဘာဓားနှစ်လက်၏ ပိုင်းချက်များသည် အားနည်းသွားသော်လည်း အဆုံးတွင် သုံရှောက်ရှီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သွေးအန်ထုတ်ကာ နောက်တစ်ကြိမ် လွင့်စင်သွားသည်။

     ထိုမြင်ကွင်းကိုကြည့်ကာ လူငယ်များ ကြက်သေ သေသွားကြသည်။
     ချင်နန့်ရဲ့ စွမ်းအားက ဘယ်လောက်တောင်ရူးချင်စရာကောင်းလဲ...
     မဟာကလန်လေးခုရဲ့ ထိပ်တန်းဂျီးနီးယပ်လေးယောက်က ဝိုင်းပြီးတိုက်ခိုက်တာကို ခံနေရတာတောင် သုံရှောက်ရှီကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်နိုင်သေးတယ်....

     “အခွင့်ကောင်းပဲ"
     အခြားတစ်ဖက်တွင် ရှီဖန်းရှောင်၊ ပေါင်ရိုနှင့် နန်ချန်းတို့သည် သုံရှောက်ရှီကို လျစ်လျူရှု့ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now