၁၇၆ - ၁၈၀

Start from the beginning
                                    

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သို့သော်လည်း သေးငယ်သည့် ပုံရိပ်ကို မြင်လိုက်သည့်အချိန်၌ သူ၏မျက်နှာ တောင့်တင်းသွားကာ အတင်းကာရောကြိုးစားပြုံးလိုက်ပြီး
     “မင်း...မင်းသမီး...ဘာကြောင့်...ဘာ့ကြောင့် ဒီကို ရောက်လာတာလဲ"

     စည်းကမ်းဥပဒေခန်းမခေါင်းဆောင်၏ မျက်လုံးထဲတွင် မင်းသမီးမြောင်မြောင်သည် အိပ်မက်ဆိုးတစ်ခုဖြစ်သည်။ သူမကို မတော်တဆလမ်း၌ တွေ့လျှင်ပင် ချက်ချင်းပင် ပြေးပုန်းကာ ရှောင်ကျဉ်လိမ့်မည်ဖြစ်သည်။
     အခြားအကြီးအကဲများသည်လည်း ထိုစကားကို ကြားပြီးနောက် သူတို့၏ အတွေးများကို ပြန်လည်စုစည်းလိုက်ကြသည်။ စိတ်ဝိညာဉ်ဂိုဏ်းတွင် မင်းသမီးဟု ခေါ်ဆိုရသော သူမှာ တစ်ဦးတည်းသာ ရှိပေသည်။
     ဂုဏ်ထူးဆောင် အကြီးအကဲ...

     အဆိုပါအတွေးသည် သူတို့အား ထိတ်လန့်စေခဲ့သည်။ မင်းသမီး သူတို့၏ စည်းကမ်းဥပဒေခန်းမကို လာခြင်းမှာ ကောင်းသော လာခြင်းမျိုး မဖြစ်နိုင်ပါ။

     “အိုး...လူတိုင်းက ဒီမှာပဲ...ကံကောင်းတယ်"
     မင်းသမီးသည် မှေးစင်းသော မျက်လုံးများဖြင့် ပြောလိုက်သည်။
     “မင်းသမီး ဒီကို လာရတာက ငါ့ရဲ့ကျွန် ချင်နန့်ကိုယ်စား စာလာပေးတာပဲ"

     ထိုစကားကြားပြီးနောက် အကြီးအကဲများ စိတ်ရှုပ်သွားကြသည်။
      ချင်နန်ကိုယ်စား စာလာပေးတယ်...

     မင်းသမီးတောင် လာပေးရအောင် ချင်နန် ရေးထားတဲ့စာက ဘာစာမို့လို့လဲ...

     မင်းသမီးမြောင်မြောင် လက်ဝှေ့ယမ်းလိုက်သည့်အချိန်တွင် များစွာသော စာများသည် အခန်းထဲကို လိပ်ပြာများ ဝဲပျံလာသကဲ့သို့ လူတိုင်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။
     အကြီးအကဲများ ချက်ချင်းပင် သူတို့၏ လက်ထဲမှ စာများကို ဖွင့်ဖတ်လိုက်ကြသည့်အချိန်၌ သူတို့၏ မျက်နှာများ တောင့်တင်းသွားပြီး နှုတ်ခမ်းများ တွန့်လိမ်သွားကြသည်။
     ဆေးလုံးတွေ လာချေးတာလား...

     ချင်နန်က စာရေးပြီး သူတို့ဆီက ဆေးလုံးတွေ ချေးနေတာလား...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now