၉၁ မှ ၉၅

Start from the beginning
                                    

     “ဒိုဂျိုအဆာက်အဦးမှာ ဖြစ်ခဲ့တဲ့အရာ အကုန်လုံးကို ငါ သိပြီးပြီ"
    ဂွန်ယောင်က သူ၏ ခေါင်းကို ခတ်ဆတ်ဆတ်ညိတ်ကာ ဆက်၍ပြောသည်။
     “မင်းစိတ်ပူမနေပါနဲ့၊ ချင်နန်က လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး"

     သူ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည့် စကားကြောင့် လူတိုင်းပင် အနည်းနှင့် အများ တုန်လှုပ်သွားကြသည်။
    ရှောင်ချင်းရွှဲ့သည်ပင် တအံ့တဩဖြစ်၍သွားသည်။ ဂွန်ယောင်သည် ချင်နန် နှင့် ဆုံဖူးသည်မှာ တစ်ရက်ပင်မကြာသော အချိန်တခဏအတွင်း၌ အဘယ်ကြောင့် ချင်နန်ကို ဤမျှထိယုံကြည်နေသည်ကို စဉ်းစား၍မရပေ။

      ထိုစကားကို ကြားလိုက်ရသည့်အခါ မိုလီ နှင့် အခြားတပည့်ငါးယောက်သည် ရယ်ချင်သလို ဖြစ်သွားကြသော်လည်း ဂွန်ယောင်က ပြောသည်ဖြစ်သောကြောင့် ရယ်ချင်စိတ်ကို ချုပ်တည်း၍ထားလိုက်ကြသည်။
     သူတို့သည် တိတ်တဆိတ်နေရန် ဆုံးဖြတ်ထားလိုက်သော်လည်း ဂွန်ယောင်က ဆက်၍ပြော‌လေသည်။
     “မင်းတို့တွေ အလောင်းအစား တစ်ခုအကြောင်းဆွေးနွေးနေတာ ငါကြားတယ်၊ငါကော ဝင်ပါလို့ရမလား"

     ထိုစကားကို ကြားသောအခါ အကြီးအကဲငါးယောက် နှင့် မိုလီတို့၏ ပုံစံမှာ လန့်သွားကြပုံပေါ်သည်။
     ဆံပင်အဖြူရောင်နှင့် လူကြီးသည် တခဏတုံဆိုင်းနေရာမှ ပြုံးလိုက်ပြီး
     “ဂျူနီယာညီငယ် ဂွန်ယောင်၊ ဒီအချိန်မှာ ငါတို့ရဲ့ အလောင်းအစားကိစ္စကို အသာထားလိုက်သင့်တယ်၊ ငါတို့ရဲ့စကားတွေက ဘောင်ကျော်သွားတာပါ၊ ချင်နန့်က သပ်ပါယကျွန်းမှာ ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခုက‌တော့ ရှိပါတယ်"

     အကြီးအကဲငါးယောက်သည် ချင်နန် ဘက်စုံစစ်ဆေးမှု၌ ဧကန်သေဆုံးမည်ဟု ယုံကြည်ထားသော်လည်း၊ ပထမဦးဆုံးအနေဖြင့် ချင်နန်ကို မနှစ်မြို့သည်က တစ်ကြောင်း၊ ဒုတိယအနေဖြင့် ထိုသို့ပြောဆိုခြင်းဖြင့် ရှောင်ချင်းရွှဲ့အား သွယ်ဝိုက်သောနည်းဖြင့် လှောင်ပြောင်သည်က တစ်ကြောင်း စသည့်အကြောင်းကြောင့်သာ ထိုသို့ ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
     သို့သော်လည်း နေရာကူးလူးခြင်း ဝင်ပေါက်မှ နေရာအသီးသီးသို့ ပို့ဆောင်ပြီးသည့်နောက် လင်းဇီရှောင် နှင့် တကည့်သစ် နှစ်ရာကျော်၏ ပစ်မှတ်ဖြစ်ခဲ့သည့် ချင်နန်သည် သူ့အသက်လုံခြုံမှုရှိစေရန် နေရာကောင်းတစ်ခုကို ရှာ၍ တစ်လတာမျှ ပုံးအောင်းနေနိုင်လိမ့်မည်ကို သူတို့ ကောင်းစွာ သိထားကြသည်။
      အကြီးအကဲငါးယောက်သည် ဂွန်‌ယောင်ကို အမျက်မထွက် လိုသောကြောင့် သူ၏ အလောင်းအစားတွင် ပါဝင်မည့် တောင်းဆိုမှုကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
    
      ဂွန်ယောင်သည် သူတို့၏ အတွေးကိုသိနေသည့်အလား
     “ငါကတော့ လောင်းချင်တုန်းပဲ၊ ချင်နန်ရဲ့ အသက်ကိုလောင်းမှာတော့မဟုတ်ဘူး ချင်နန်ရဲ့ အောင်မြင်မှုကို လောင်းမှာ၊ ငါကတော့ သူ ဘက်စုံစစ်ဆေးမှုမှာ  အနည်းဆုံး ထိပ်ဆုံးငါးယောက်အဆင့်ဝင်မယ်လို့ လောင်းတယ်"
    
     ထိုစကားကို ကြားသည့် အခါ လူတိုင်းပင် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
     
     ချင်နန်က အဆင့်ငါးအတွင်း ဝင်မယ်တဲ့လား...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now