၈၆ မှ ၉၀

Start from the beginning
                                    

    တစ်ချိန်တည်းမှာလည်း လင်းဇီရှောင်သည် ချင်နန်က သူ့ကို တိုက်ရိုက် စိန်ခေါ်ခြင်း ခံလိုက်ရသည့်အတွက် သူ၏ မျက်နှာအမူအရာက ခံစားချက်မဲ့၍သွားပြီး မတ်တပ်အနေအထားဖြင့် ရပ်တန့်၍နေလေသည်။
     သူ၏ ရင်ထဲမှ အမုန်းတရားသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိလာခဲ့ပြီး သူ၏ ချင်နန့်ကို သတ်ဖြတ်ချင်စိတ်ကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူ့ကို ချင်နန်က စတင်စိန်ခေါ်လိမ့်မည်ဟု သူ မထင်မိခဲ့။
    ဒီကောင်က င့ါကို စိန်ခေါ်ရဲတဲ့သတ္တိ ဘယ်ကများ ရတာလဲ...

      “ငါက ဘာလို့ မင်းနဲ့ တစ်ယောက်ချင်း တိုက်ရမှာလဲ"
     လင်းဇီရှောင်သည် ပင့်သက်ရှိုက်ချလိုက်ပြီးနောက် အေးစက်စွာဖြင့်
   “အခု ငါ့မှာ ဂျီးနီးယပ် အယောက်ငါးဆယ်ကျော်ရှိတယ်၊ မင်းတို့က လေးယောက်ထဲ(တည်း)၊ တိုက်ခိုက်ကြရင် မင်းတို့ကောင်တွေ အကုန်သေမှာ အသေအချာပဲ၊ ငါမင်းနဲ့ တစ်ယောက်ချင်းမတိုက်ချင်ဘူး၊ ငါ့ရဲ့ အစီအစဉ်က မင်းတို့အားလုံးကို သတ်ဖို့ပဲ"

    ဤအချိန်တွင် လင်းဇီရှောင်က ချင်နန်၏ စိန်ခေါ်မှုကို ငြင်းပယ်လိုက်ပြီပင်ဖြစ်သည်။
    သူသည် ချင်နန်ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့သည်။ အကြိမ်တိုင်းတွင် သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် ထင်မြင်မိခဲ့သည်။ သို့သော် အရှုံးသမားချည်း ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ အနည်းငယ် စိုးထိတ်နေမိသည်။
    
     လင်းဇီရှောင်၏ စကားလုံးများသည် လူအားလုံးကို ကြက်သေ သေသွားစေခဲ့သည်။
     လင်းဇီရှောင်သည် ချင်နန်၏ စိန်ခေါ်မှုကို အထူးသတိထားစဉ်းစားပြီး ငြင်းပယ်လိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။
    
     တစ်ဖက်မှာတော့ ချင်နန်က ထိုစကားကို ကြားသည့်အခါ ပြုံးလိုက်ပြီး
    “မင်းက ငါ့ရဲ့စိန်ခေါ်မှုကို ငြင်းပယ်လိမ့်မယ်လို့ မထင်မိဘူး၊  သိုင်းပညာပါရမီ နဲ့ သိုင်းပညာနှလုံးသား ယှဉ်ပြိုင်မှုတွေမှာ မင်းက ရှုံးနိမ့်ခဲ့တာကိုး၊ ဒီ‌အကြောင်းကြောင့် မင်းက ဒီနှစ်ယောက်ကြားတိုက်ပွဲမှာ ထပ်ရှုံးမှာ ကြောက်နေတာပဲ"

     ထိုစကားများသည် လင်းဇီရှောင်၏ စိတ်ကို ဆွနေမှန်း အသိသာကြီးပင် ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now