၅၁ မှ ၅၅

Start from the beginning
                                    

     “ ကြည့်ရတာ ဒီဘက်စုံစစ်ဆေးမှုက ဂျီးနီးယပ်တွေကြားက ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်လိမ့်မယ် "
     ချင်နန်သည် ထိုအတွေးများနှင့်အတူ နတ်ဘုရားသိုင်းဝိညာဉ်၏ မျက်လုံးများကို ရုတ်သိမ်းလိုက်သည်။ သူ၏ နှလုံးသားထဲတွင်မူ စိတ်လှုပ်ရှားသည့် ခံစားချက်များ တဖြည်းဖြည်း ပေါက်ဖွားလာသည်။
     ထိုအချိန်တွင် ရုတ်တရက် ပြင်းထန်သော အော်ရာငါးခုသည် အဝေးမှ ချဉ်းကပ်လာခဲ့သည်။
     အစက ဆူညံနေသော ဒိုဂျိုအဆောက်အဦးသည်  ချက်ချင်းပင် တစပြင်အလား တိတ်ဆိတ်သွားကြသည်။
    
     တပည့်သစ်များ အားလုံးသည် တောင်ကြီးငါးလုံး သူတို့ပေါ်ကိုဖိထားသကဲ့သို့ ခံစားနေရပြီး အသက်ရှုကြပ်နေကြသည်။
     ကောင်းကင်၌ ပြင်းထန်သော အော်ရာနှင့်အတူ လမ်းလျှောက်လာကြသော အဘိုးအိုငါးယောက်ကို တွေ့လိုက်ရသည်။ ထိုအဘိုးအို ငါးယောက်သည် စိတ်ဝိညာဉ်ကျောင်း၏ အကြီးအကဲ ငါးယောက်ဖြစ်သည်။
     အကြီးအကဲငါးယောက် အနက် ဦးဆောင်လာသူမှာ အရင်တစ်ခေါက်က ဒိုဂျိုအဆောက်အဦးကို လာခဲ့သည့် အဖြူရောင်ဆံပင်နှင့် အကြီးအကဲပင်ဖြစ်သည်။
     အဖြူရောင်ဆံပင်နှင့် အကြီးအကဲသည် လူအုပ်ကြီးအား တည်ငြိမ်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး  သူ၏အကြည့်သည် အရင်တစ်ခေါက်က ကဲ့သို့ပင် လင်းဇီရှောင်နှင့် ဟောင်လုံထံတွင် အဆုံးသတ်သွားပြီး ချီမွမ်းစကား ပြောလိုက်သည်။
     “ တကယ်ကို ဟွှာအဆင့်ကိုးသိုင်းဝိညာဉ်နဲ့ ဂျီးနီးယပ်နှစ်ယောက်ပဲ၊ လင်းဇီရှောင်...ဟောင်လုံ..ဘက်စုံစစ်ဆေးမှုမှာ မင်းတို့ကို ငါ့တို့ ငါးယောက်လုံးက အများကြီးမျှော်လင့်ထားတယ် "

     ကျန်သည့် အကြီးအကဲ လေးယောက်လုံးသည်လည်း  သူတို့၏ မျက်လုံးထဲမှ သဘောကျသည့် အရိပ်အ‌ယောင်များကို ဖုံးကွယ်မထားပဲ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

     ဟောင်လုံသည် မရယ်ပြုံးတစ်ခုသာ ပြုံးပြလိုက်သော်လည်း လင်းဇီရှောင်မှာမူ ခေါင်းကိုမော့ကာ မာန်တက်နေသည်။
     အနီးနားဝန်းကျင်မှ တပည့်သစ်များ အားလုံးသည် သူတို့နှစ်ယောက်အား ကြည်ညိုလေးစားစွာ ကြည့်နေကြသည်။
    
    ထို့နောက်တွင် အဖြူရောင်ဆံပင်နှင့် အကြီးသည် ယခင်ကဲ့သိုပင် ခတ်ပြတ်ပြတ် ပြောဆိုလိုက်သည်။
     “ ဘက်စုံစစ်ဆေးမှုက ငါ့တို့ငါးယောက်ရဲ့ ကြီးကြပ်မှုအောက်မှာရှိတယ်၊ ငါအခု ဘက်စုံစစ်ဆေးမှုရဲ့ စည်းမျဉ်းတွေကို ‌ရှင်းပြမယ်၊ ငါတစ်ခေါက်တည်း ပြောမှာ မလို့သေသေချာချာ နားထောင်ချေ "
     အဖြူရောင်ဆံပင်နှင့် အကြီးအကဲ၏ စကားသည် ဒိုဂျိုအဆောက်အဦးတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now