၁ မှ ၅

Zacznij od początku
                                    

"အဝါရောင် ရောင်ခြည်ငါးခု...
အဝါရောင် ရောင်ခြည်ငါးခု..."
သူသည် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။
  " ဒါဟာ ဟွှာအဆင့်ငါး သိုင်းဝိညာဉ် ဖြစ်ပါတယ်"
ထိုစကားဟာ မိုးကြိုးကြီးပစ်ချလိုက်သလိုပါပဲ အကြီးအကဲများ၊ကလန်သားများနှင့် လူတွေအားလုံးကို တုန်လှုပ်သွားစေသည်။
   "ဘာ... ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်"
  "ဘုရားရေ... ငါတို့ ကလန်‌တော့ဂျီးနီးယပ် တစ်ယောက် ထပ်ရပြီ"
ထိုအချင်းအရာကို မမျှော်လင့်ထားသော လူအများစုသည် မျက်နှာပျက်လျှက် ရှိနေကြသည်။
ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်သည် လန်ရှုးမြို့တစ်ခုလုံးတွင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ထားပြီး ထိုစွမ်းရည်သည် သုံးနှစ်မှ တစ်ကြိမ်သာလျှင် ပေါ်ထွက်လာတတ်သည်။ ဟွှာ အဆင့်ငါး သိုင်းဝိညာဉ်ရှိသူသည် အဆင့်မြင့်မားပြီး အနာဂတ်တွင် ကြီးမားသည့်အောင်မြင်မှုကို ရရှိပေလိမ့်မည်။ ချင်းချန်ခွန်၏ သိုင်းဝိညာဉ်သည် အလွန်ဆုံး အဆင့်လေးလောက်သာ နိုးထနိုင်လိမ့်မည်ဟု ကနဦးက ယူဆထားကြသည်။
     ချင်ချန်းခွန်သည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။ သူကိုယ်တိုင်ပင်လျှင် အဆင့်ငါး သိုင်းဝိညာဉ် နိုးထလာလိမ့်မည် မထင်ခဲ့ပေ။ ထို့နောက် သူသည် လူငယ်လေးတစ်ယောက်ကို အကြည့်ဖြင့်လှောင်ပြောင်လိုက်သည်။
ထိုလူငယ်‌လေးသည် ချင်ကလန်၏ ထိပ်တန်းပါရမီရှင်အဖြစ် လူသိများသည့်  ချင်နန်ဖြစ်သည်။

     "ကောင်းပြီ... နောက်တစ်ယောက် ချင်နန်"
အခန်းအနား တာဝန်ခံအကြီးအကဲက ကြေငြာလိုက်သည်။
ချင်နန်ကို ကြည့်နေသည့် တာဝန်ခံအကြီးအကဲ၏ အကြည့်သည် မျှော်လင့်ချက်တို့ပြည့်နှက်နေခဲ့သည်။
ချင်နန်သည် နံပါတ်တစ်ဂျီးနီးယပ်ဖြစ်သောကြောင့် သိုင်းဝိညာဉ်နိုးထသည့်အခါ ချင်ချန်ခွန်ထက် ပိုသာပေလိမ်မည်။ ဤသို့ ဖြစ်ခဲ့လျှင် ချင်ကလန်သည် ဂျီးနီးယပ် နှစ်ယောက်ကြောင့် အနာဂတ်တွင် ပိုမိုထင်ရှားကျော်ကြားလာပေလိမ့်မည်။
     မျှော်လင့်ထားသည့်အတိုင်း တာဝန်ခံအကြီးအကဲက နာမည်ကို ထုတ်ဖော်ကြေငြာပြီးသောအခါ ကလန်သားများအားလုံးရဲ့ အကြည့်သည် ချင်ချန်ခွန်ထံမှ ရုတ်သိမ်းလိုက်ကြပြီး ချင်နန်ထံသို့ ရောက်သွားကြသည်။
     ချင်နန့်ကိုကြည့်သည့် ကလန်သားများနှင့် ကလန်အကြီးအကဲတို့၏ မျက်လုံးများတွင် သူ့ကို ပိုမိုမျှော်လင့်သည့် အရပ်ယောင်များကို ပေါ်လွင်နေသည်။ ချင်နန်၏ ဒဏ္ဍာရီသည် ချင်ကလန်တွင်သာမက လန်ရှုးမြို့‌တော်တွင်လည်း ကျော်ကြားသည်။ ချင်နန်သည် ချင်ကလန် ခေါင်းဆောင်၏ သားဖြစ်သည်။
      သူသည် အသက်ခြောက်နှစ်ကပင် စာဖတ်‌တတ်ပြီး၊ အသက်ရှစ်နှစ် အရွယ်တွင် လက်ရေးလှ ရေးတတ်လာခဲ့ပြီး တစ်မြို့လုံးတွင် ကျော်ကြားလာခဲ့သည်။
အသက် ကိုးနှစ်အရွယ်ကပင် သိုင်းပညာ လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ပြီး ဆယ်နှစ်အရွယ်တွင် လက်သီးသိုင်းပညာကို လေ့ကျင့်ခဲ့သည်။
အသက် ဆယ့်တစ်နှစ်အရွယ် အရောက်တွင် လက်နှက်မဲ့ လက်ချည်းသက်သက်ဖြင့် ကျားတစ်ကောင်ကို အမဲလိုက်နိုင်နေပြီဖြစ်သည်။
ထို့နောက် ချင်နန်သည် အသက် ဆယ်နှစ်နှစ်အရွယ်တွင် ဆေဘာသိုင်းကို လေ့ကျင့်ခဲ့သည်။
အသက်ဆယ့်သုံးနှစ်အရွယ် အရောက်တွင် သူသည် သိုင်ပညာရပ် ဆယ်မျိုးတွင် ကျွမ်းကျင်နေပြီးဖြစ်သည်။
အသက် ဆယ်လေးနှစ်တွင် သူသည် မိုးကြီးလျှပ်စီး ထိမှန်ခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးဒဏ်ရာ ရခဲ့သည်။
သူသည် အသက်ဆယ့်ခြောက်နှစ်တွင် ဆေဘာစွမ်းရည်တစ်ခုနှင့် အလယ်အလတ်အဆင့် သိုင်းစွမ်းရည်တစ်ခုကို ဖန်းတီးနိုင်ခဲ့ပြီး လန်ရှင်းတမြို့လုံးကို တုန်လှုပ်စေခဲ့သည်။
     တစ်ချိန်က သိုင်းဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က ချင်နန်ရဲ့ အကြောင်းကို ကြားသိခဲ့ရတဲ့အခါ
"ဒီကလေးပြသခဲ့တဲ့ အရည်အချင်းဟာ အနာဂါတ်မှာ နိုးထလာမယ့် သူရဲ့သိုင်းဝိညာဉ်က အနိမ့်ဆုံး ဟွာအဆင့်ငါး သိုင်းဝိညာဉ် ဖြစ်လိမ့်မယ်"
"သူ့ရဲ့ အနာဂါတ်ဟာ အလွန်ထူးခြား‌ပေလိမ့်မယ်"
     သိုင်းဧကရာဇ်၏ စကားသည် တစ်မြို့လုံးသို့ ပျံနှံ့သွားပြီး ပွက်လောရိုက်သွားစေခဲ့သည်။
ထို့ကြောင့် ချင်နန်သည် သိုင်းဝိညာဉ် မနိုးထမှီကပင် လန်ရှုးမြို့၏ နံပါတ်တစ်ဂျီးနီးယပ် ဖြစ်ခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz