ကြည့်ရူသူမြင်ကွင်းကို ပိတ်မနေစေရန် guest ဖြစ်သူများက စင်ရဲ့ တစ်ဖက်ဆီတွင် သီးခြားရပ်နေပေးရသည်။

ကြိုတင်ရိုက်ကူးထားပြီးဖြစ်သည့် မြူးကြွပျော်ရွှင်ဖွယ်နွေဦးပွဲတော်ဗီဒီရိုလေးက မျက်နှာပြင်ထက်တွင် ထုတ်လွှင့်ပြသလာတော့သည်။

ရိုက်ကူးရေးဒါရိုက်တာက video လွှင့်နေချိန်အတွင်း guest များရဲ့မိုက်ကို ပိတ်ထားလိုက်သည်။

စင်အောက်မှကြည့်နေသည့် fan များမှာ Leo Wang တစ်ယောက် Tomas Xie ကို ခပ်ထန်ထန်မျက်နှာနှင့် စိတ်မရှည်သလိုစကားပြောနေပုံကိုသာ မြင်နေရပြီး စကားအကြောင်းအရင်းကို လုံးဝမကြားရ။

ဝမ်ချောင် မကျေမနပ်ပြောလာသည်။ "မင်း ခုနတုန်းက ဘာလို့ငါ့ကိုဆွဲထားတာလဲ။"

ရှဲ့ကျူရှင်း သူ့ကို ဖျောင်းဖျရတော့သည်။ "ပြဿနာမရှာနေနဲ့။ ဒီမှာလူတွေအများကြီးရှိနေတယ်။"

ဝမ်ချောင် ပြန်ပြောသည်။ "ဒီလူအုပ်ကြီးသာ ရှိမနေရင် ငါ စင်ပေါ်မှာတင် သူနဲ့ထချတယ်။ ဟဲ့နန်ကလူတွေက ယဉ်ကျေးမှုမရှိဘူးဆိုတာ ဘာသဘောလဲ။ သုန့်ပေကလူတွေကမှ သောက်ကျိုးနည်းအောင် ဆိုးဝါးနေတဲ့လူ့ကျင့်ဝတ်တွေရှိတာ။"

ရှဲ့ကျူရှင်း : "..."

ဝမ်ချောင် တိုးတိုးဆက်ပြောသည်။ "အဲ့လိုလူက ကွန်မြူနစ်စပိုင်နေရာမှာ ဝင်သရုပ်ဆောင်ထားတယ်? ငါတို့လူမျိုးတွေအတွက် မျက်နှာပျက်စရာပဲ။"

ရှဲ့ကျူရှင်း video ပြီးခါနီးဖြစ်နေတာကိုကြည့်ရင်း ခပ်တိုးတိုးပြန်ပြောလိုက်သည်။ "တော်ပြီ။ အဲ့အကြောင်း ဆက်မပြောနဲ့တော့။"

ဝမ်ချောင် စကားနည်းနည်းဆက်ပြောချင်သေးပေမယ့် video ပြီးသွားတာနှင့် ရှဲ့ကျူရှင်းက သူ့ကို stage စင်အလယ်ကို တွန်းပို့လိုက်တော့သည်။ ဖြစ်ချင်တော့ ကြမ်းပြင်ပေါ်တွင် ဝါယာကြိုးရှိနေပြီး သူတို့နှစ်ယောက်လုံး သတိမမူမိခဲ့။ ဝမ်ချောင်မှာ ထိုဝါယာကြိုးကြောင့် အရှေ့သို့ မျက်နှာနှင့်အပ်ကျတော့မလိုဖြစ်သွားရပြီး ကျိကျဲပခုံးကို လှမ်းကိုင်၍ အရှိန်ပြန်ထိန်းပြီးတာနှင့် ရှဲ့ကျူရှင်းကို စူးကနဲပြန်လှည့်ကြည့်လိုက်တော့သည်။

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now