ရှဲ့ကျူရှင်းက မောင်းသူထိုင်ခုံတွင် ထိုင်နေပြီး ဝမ်ချောင်လည်း တံခါးဖွင့်၍ အထဲဝင်မည်လုပ်ချိန် သူ့မျက်လုံးထောင့်မှ တစ်စုံတစ်ယောက် သူတို့ကိုကြည့်နေမှန်း သတိထားမိသွားသည်။ သူ့အနေနှင့် ပွဲမှ မပြန်သေးသည့် သတင်းထောက် သို့မဟုတ် fan ဖြစ်လိမ့်မည်ဟု ထင်မိပြီး ခေါင်းလှည့်၍ကြည့်လိုက်တော့သည်။

keyboard တီးသူက သူတို့နှင့် ၁၀ မီတာအကွာရှိ လှေကားပေါ်တွင် မတ်တပ်ရပ်နေပြီး သူတို့ရှိတာဘက်သို့ မကြည်မလင်မျက်နှာအမူအရာဖြင့် စူးစိုက်ကြည့်နေသည်။

ဝမ်ချောင်လည်း သူ့ကို လက်ခလည်ထောင်ပြလိုက်တော့သည်။

သူ ဒီလူ့အကြောင်းကိုဖြစ်စေ သူတို့အတိတ်အကြောင်းကိုဖြစ်စေ စိတ်ထဲ သိပ်မထည့်ထား။

သူ့အချစ်ရေးက ပူပူပြင်းပြင်းကာလထဲ ဝင်စရှိသေးသည်၊ သူ့မှာ သူ့ရည်းစားအကြောင်းတောင် တွေးလို့မလောက်နေချိန် အခြားသူတွေနှင့်ပတ်သတ်ပြီး စိတ်ထဲထည့်ဖို့တွေးရန်တောင် အချိန်မရှိ။

သူတို့ အိမ်ပြန်သည့်လမ်းတစ်လျှောက် စကားတစ်ခွန်းမှ မဆိုမိကြ။ အိမ်ရောက်၍ တံခါးဖွင့်ပြီးသည်နှင့် ဝမ်ချောင်တစ်ယောက် ရှဲ့ကျူရှင်းထံသို့ အပြေးသွား၍ခုန်အုပ်လိုက်တော့သည်။

ရှဲ့ကျူရှင်း ဖိနပ်စင်ကိုမှီထားရင်း သူတို့နှစ်ယောက် ပြင်းပြင်းရှရှနမ်းရှိုက်လိုက်ကြသည်။

ဝမ်ချောင်က အနမ်းထဲ အလွန်မိန်းမောမျောပါနေတာမို့ လက်များကပါ စတင်လှုပ်ရှားပွတ်သပ်လာတော့သည်။

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "မင်း ခဏစောင့်ဦး။"

ဝမ်ချောင် ပြန်ပြောသည်။ "ဘာကို စောင့်ရမှာလဲ။ မစောင့်နိုင်တော့ဘူး။"

ရှဲ့ကျူရှင်း ပြောလိုက်သည်။ "အိပ်ရာပေါ်သွားမယ်။ ဒီနေရာမှာ ဘယ်လိုလုပ်မှာလဲ။"

ဝမ်ချောင် စိတ်မရှည်သလို အလောဆိုတော့သည်။ "ဒီမှာလုပ်တော့ရော ဘာများမတူသွားတာရှိလဲ။ မြန်မြန်လုပ်။"

ရှဲ့ကျူရှင်း သူ့တင်ပါးကိုလှမ်းရိုက်လိုက်သည်။ "မင်းက အကျိုးအကြောင်းမသင့်လုပ်နေတာပဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now