ကျီဇယ့်ဟွေ့ : ငါ ဒီအကြောင်းပြောဖို့ လူတစ်ယောက်ရှာပြီးပြီ။ ဒီအကြောင်း ဟွမ်ယွီကနေ ပေါက်ကြားလာတာလို့ပဲ ​ပြောလိုက်တယ်။ ဟယ်ယို့မင်က ဒေါသပုန်ထပြီး မုကျိုးယိအေးဂျင့်ဆီ သွားတွေ့တယ်တဲ့။ မုကျိုးယိ အေးဂျင့် လုဇီကတော့ မုကျိုးယိ ကုမ္ပဏီပြောင်းချင်တဲ့အကြောင်း မသိသေးတဲ့ပုံပဲ။ ဟယ်ယို့မင်နဲ့ စကားပြောပြီးတာနဲ့  H မြို့တော် အမြန်ဆုံးလေယာဥ်ကို ဘိုကင်တင်တော့တာပါ။ မုကျိုးယိကို သွားမေးမှာနေမှာ။

ကျီဇယ့်ဟွေ့ : မုကျိုးယိက တကယ်ကြီး ကုမ္ပဏီပြောင်းတော့မှာလား။ ဒါသာ အမှန်ဆိုရင် သူက ကုမ္ပဏီနဲ့ လုဇီကို သက်သက်စော်ကားလိုက်တာပဲ။ အစက ဘာရုပ်ရှင်မှ ရိုက်စရာမရှိတဲ့ သူ့လို တက်သစ်စလေးကို လုဇီက ရွေးချယ်ခဲ့တာလေ။ ဒီနှစ်ထဲ သိပ်အောင်မြင်လာတာကို သူက ကုမ္ပဏီပြောင်းချင်တာလား။ ငါသာဆို ဒီလို မသင့်တော်တဲ့ကိစ္စမျိုးကို လုပ်နိုင်မှာမဟုတ်ဘူး။

ကျယ်ယန် : အဲ့လိုဆိုရင်တော့ ခင်ဗျားကိုယ်ခင်ဗျား အထင်ကြီးလွန်းနေပြီ။

ကျီဇယ့်ဟွေ့ : ……

ကျီဇယ်ဟွေ့က သူ ဒေါသထွက်ကြောင်း ပြသည့်အနေဖြင့် ဓားသေးသေးလေးပုံ ပို့လာ၏။

ကျယ်ယန် ကျီဇယ့်ဟွေ့နှင့် စကားပြောဖြတ်ပြီး လုဇီဟူသော နာမည်ကို စဥ်းစားကြည့်၏။

လုဇီဆိုတာ ဟွမ်ထျန်း၏ ရွှေအဆင့် အေးဂျင့်တွေထဲက တစ်ယောက်ဖြစ်ကာ ရုပ်ရှင်ဧကရာဇ်နှစ်ယောက်နှင့် girl group တစ်ဖွဲ့ကို ဟွမ်ထျန်းအတွက် မွေးထုတ်ပေးခဲ့၏။ မူရင်းစာအုပ်တွင် မုကျိုးယိ ကုမ္ပဏီပြောင်းတော့ လုဇီကိုပါ ခေါ်ထုတ်သွားခဲ့သည်။ လုဇီ မုကျိုးယိကို မျက်နှာသာပေးပြီး သစ္စာရှိသောအချက်က သေချာပေါက် ရွှေလက်ချောင်း၏ လွှမ်းမိုးမှုကြောင့်ပဲပေါ့။

ကျယ်ယန် ပြုံးလိုက်သည်။ မုကျိုးယိ၏ ရွှေလက်ချောင်းကို ဒုက္ခများသည်ဟု သူတွေးခဲ့ဖူးပေမဲ့လည်း အခုတော့ သူမ၏ ရွှေလက်ချောင်းအပေါ် မှီခိုသောအကျင့်က အတော်လေးကောင်းသည်ဟု တွေးမိလာသည်။

မအိပ်ခင် ကျယ်ယန် ချိုးရှင်းကို ဖုန်းထပ်ခေါ်ကြည့်သည်။ သည်တစ်ခါတော့ ဖုန်းက ဆက်မပိတ်တော့ပေမဲ့လို့ ပြန်ဖြေမည့်သူလည်း မရှိပေ။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now