Commentနေရာက ထပ်တိတ်သွားပြန်၏။

“ လူဆိုတာ ပြောရင်ပြောတဲ့အတိုင်း လုပ်နိုင်ရမယ်။ ငါက စတားတစ်ယောက်ဆိုတာနဲ့ မင်း ငါ့ကို မဟုတ်တမ်းတရားတွေ စွပ်စွဲလို့မရဘူး။ ”  ကျယ်ယန် မတ်တပ်ထရပ်လိုက်၏။  

“ အနုပညာရှင်တွေကလည်း ဥပဒေရဲ့ ကာကွယ်မှုကို ထံယူထိုက်တဲ့ နိုင်ငံသားတွေပဲ။ သူတို့မှာလည်း ဥပဒေကို သူတို့အကာအကွယ်အဖြစ် အသုံးချပိုင်ခွင့်ရှိတယ်။ ဒီနေ့လို အတိုက်အခံတွေဖြစ်လာအောင် ကောလာဟလတွေဖြန့်၊  ကင်မရာရှုထောင့်ကို တမင်တကာ ကိုင်တွယ်ပြီး လုပ်ကြံတဲ့ မားကတ်တင်းအကောင့်တွေ မင်းတို့လုပ်ရပ်က ဥပဒေကို ချိုးဖောက်မှု ရှိမရှိ စဥ်းစားကြည့်ကြပါဦး။ ရဲသားလူကြီးမင်းတွေ အိမ်တံခါးထိရောက်လာပြီး ဆိုက်ဘာ(cyber) အကြမ်းဖက်မှုနဲ့ အမှုမစွဲတဲ့အချိန်ထိလည်း အချိန်ဆွဲစဥ်းစားမနေကြနဲ့နော်။ ”

ကင်မရာနောက်ကွယ်မှာထိုင်ကာ ဖုန်းဖြင့် လူထုအမြင်ကိုလိုက်ကြည့်နေသော ဟူပျောင်းသည် စိတ်လှုပ်ရှားဟန်ဖြင့် ရုတ်ခြည်း မတ်တပ်ထရပ်လိုက်၏။ သူက စာရွက်တစ်ရွက်ဆွဲယူကာ စာကြောင်းအကြီးကြီးတစ်ကြောင်းရေးလျက် ကျယ်ယန့်ကို ပြသည်။ 

ကျယ်ယန် စာရွက်ကိုလှမ်းကြည့်လျက် ကင်မရာဘက်သို့ ပြုံးကြည့်လာ၏။  “ ကားပါကင် စောင့်ကြည့်ကင်မရာ အပြည့်ဗားရှင်းထွက်လာပြီတဲ့။ သွားကြည့်ရအောင်။ ”  ထို့နောက် တိုက်ရိုက် live ထုတ်လွှင့်မှုကိုပိတ်ကာ ဟူပျောင်းဆီ လျှောက်သွား၏။

ဟူပျောင်းက ကျယ်ယန့်ကို ဗီဒီယိုဖွင့်ပြရင်း ရှင်းပြသည်။    “ အသစ်ထွက်လာတဲ့ ဗွီဒီယိုက ပြည့်စုံပြီး လုံးဝအကြည်ကွာ။ မင်းနဲ့ ကျီဇယ့်ဟွေ့ ဓာတ်လှေကားကထွက်ပြီး ယွမ်ဖန်နဲ့ဆုံတဲ့နေရာကနေ မင်းပြန်သွားတဲ့အထိကို ရှင်းလင်းနေတာပဲ။ မုကျိုးယိ မင်းကိုထိမိတဲ့နေရာကိုလည်း သေချာ ချဲ့ပြထားတာကွ။ မင်းလက်တွေကို အိတ်ထောင်ထဲ ထည့်ထားပါတယ်ဆိုမှ မင်းတို့က လက်ချင်းချိတ်ထားတယ်တဲ့။ မဖြစ်နိုင်တာတွေ !”

ကျယ်ယန် တစ်ချက်ကြည့်လိုက်တာနှင့် အသစ်ထွက်လာသော ထိုဗီဒီယိုက ဟူပျောင်းပြောသလို အမှန်ပင် ကြည်လင်နေမှန်း တွေ့လိုက်ရ၏။ ကျီဇယ့်ဟွေ့နှင့် ယွမ်ဖန်တို့ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ဆုံမိချိန်မှာ ရှုံ့မဲ့သွားသော အမူအရာများကိုတောင် သေချာမြင်နေရသည်။ ဗွီဒီယိုရှုထောင့်ကလည်း ပြတ်သားရှင်းလင်းလျက်။ ဗီဒီယိုကို အရှေ့ဘက် အပေါ်စီးကနေ ရိုက်ကူးထားကာ လူတိုင်း၏ လှုပ်ရှားမှုများကို ပြတ်ပြတ်သားသား မြင်နိုင်သည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now