ကျယ်ယန် လေးလေးနက်နက် နားထောင်နေ၏။
“ မင်းနဲ့ငါက လက်ထပ်စာချုပ်ချုပ်ခဲ့တာမဟုတ်ဘူး။ အဲ့ဒါက တစ်သက်တာ အရောင်းအဝယ်စာချုပ်။ အမြင်တွေ ရောမသွားနဲ့ !” ချိုးရှင်းမျက်နှာက မည်းမှောင်လာပြီး ကျယ်ယန့်ဦးထုပ်အနားကို ဆွဲချပစ်လိုက်၏။ “ အလုပ်အကိုင်တွေ အများကြီးရှိတဲ့ထဲက ဒုက္ခအများဆုံးအလုပ်ကိုမှ ရွေးရတယ်လို့ကွာ ” ထို့နောက် ချာခနဲလှည့်ထွက်သွားပြီး သူတို့နောက်မှာ ကပ်လိုက်လာသော ကျိုးမြောင်ကို လှမ်းခေါ်၏။
ကျိုးမြောင်လည်း ကပျာကယာ ရှေ့တိုးသွားရသည်။“ ရိပ်သာတာဝန်ခံထဲရှိရင် ငါ့ဆီ လာတွေ့ခိုင်းလိုက်။ အလုပ်သမားတွေကများ ဧည့်သည်ကို သဘောရှိ တားခိုင်းလိုက် ရပ်ခိုင်းလောက်လုပ်ရဲလောက်အောင် ဝန်ထမ်းတွေကို ဘယ်လိုခန့်ပြီး လေ့ကျင့်ပေးထားလဲဆိုတာ ငါ မေးကြည့်ချင်လို့ !” ထို့နောက် ချိုးရှင်းက အိမ်ငယ်လေးထဲသို့ လှည့်ဝင်သွားချေ၏။
ကျယ်ယန်မှာ သူ့ဦးထုပ်ကို သပ်ရပ်အောင်ပြန်ပြင်နေရင်းကနေ အထဲဝင်သွားသော ချိုးရှင်းကိုကြည့်ရင်း မျက်ခုံးပင့်သွားမိ၏။ ထို့နောက် သူလည်းပဲ အမီလိုက်ဝင်လိုက်တော့သည်။***
နှစ်ယောက်သားက အချိန်ကိုက် ရောက်သွားကြတာပင်။ မားမားချိုးက ရှားရှားပါးပါး စိတ်အခြေအနေကောင်းနေ၏။ ချိုးရှင်းက မားမားချိုးကို ဝှီးချဲပေါ်မတင်ကာ နေရောင်ခံရင်း စကားပြောဖို့ ခြံဝင်းထဲ ခေါ်လာခဲ့သည်။ ကျယ်ယန်ကတော့ သူတို့နှစ်ယောက်နောက်ကနေ တိတ်တိတ်လေး ကပ်လိုက်ခဲ့၏။
“… ဒါနဲ့ ကျွန်တော်စိတ်ပြောင်းသွားပြီ။ ရှေ့နေဆီ အမေကြိုလွှဲပေးခဲ့တာတွေပဲ ချန်လင်းကို ပေးတော့မယ်။ နောက်လည်း သူနဲ့ ဖုန်မိသားစုရန်ပွဲက အမေ့ကိုမထိခိုက်လာသရွေ့ ကျွန်တော် သူကို့ ဂရုမစိုက်တော့ဘူး။ ”
မားမားချိုးက ဘာမှမပြောပေ။
ချိုးရှင်းကလည်း ဘာမှထပ်မပြောတော့ဘဲ မားမားချိုးကိုသာ တွန်းပေးနေ၏။
အတော်လေးကြာမှ မားမားချိုးက ဆိုလာသည်။ “ ရပါတယ်။ ” သူက ချိုးရှင်းကို လှည့်ကြည့်လာသည်။ “ အားရှင်း အမေ ချန်လင်းကို လွမ်းတယ်ဆိုပေမဲ့ သားကို အများကြီး ပိုလွမ်းတယ်။ သားရှိနေပေးသရွေ့ အမေ အဆင်ပြေပါတယ်။ ”
![](https://img.wattpad.com/cover/290780574-288-k822605.jpg)
Chapter 44
Start from the beginning