ကျယ်ယန့်စကားများက ကျီဇယ့်ဟွေ့မျက်နှာကို မည်းသထက်မည်း​မှောင်လာစေပြီး သူ့ကို မတ်တပ်ထရပ်လုနီးပါး ဖြစ်သွားစေ၏။ သူ့အေးဂျင့် ရှောင်ကျင်းမှာ ကျီဇယ့်ဟွေ့ကို အတင်းဖိထားရင်း အကြံပေးလိုက်ရသည်။    “ ကျယ်ယန် ငါတို့ မင်းကို တောင်းပန်ခယလာမှာ မဟုတ်ဘူးနော်။ မင်းဘက်က နည်းနည်းလောက် ညှိနှိုင်းပေးသင့်တာ။ ငါတို့မှာလည်း ဒီဖြစ်လာမယ့်ကိစ္စတွေကို ဖယ်ရှားဖို့ တခြားနည်းလမ်းတွေ ရှိပါသေးတယ်ကွ။   ”

“ ဒါပေမဲ့ လောင်ရှို့ယူ ရှိသေးတယ်လေ။ ခင်ဗျားလုပ်နေကြအတိုင်း တခြားနည်းလမ်းတွေကိုသုံးမယ်ဆို ဆယ်ဆပိုခက်သွားလိမ့်မယ်။ ဒီ့အတွက် ငွေ၊ အင်အားလည်း ဆယ်ဆမက ပိုရင်းရမှာ။ ရှင်းပြီးရင်လည်း ဒီကိစ္စအတွက် လုံးလုံးစိတ်အေးရမှာ မဟုတ်ဘူး။ ကျွန်တော်သာ အမှန်အတိုင်း ပြောလိုက်ရင် ကျီဇယ့်ဟွေ့တော့ မကောင်းသတင်းတွေနဲ့ ဟိုလေးတကြော်ကြော်ဖြစ်သွားမှာပဲ။ ပြိုပျက်သွားသော ပိုးအိမ်လည်း ရောင်းအားတန့်သွားပြီး ကျီဇယ့်ဟွေ့လည်း ဘာဆုမှရမှာမဟုတ်တော့ဘူး။ ပိုဆိုးတာက သတင်းတွေ၊ အနာဂတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားမှာတွေကို ဖုံးဖိရှင်းလင်းဖို့ ခင်​ဗျားတို့ကို ကူညီဖို့အတွက် ဟွမ်ထျန်းက အထောက်အပံ့တွေအများကြီး သုံးရတော့မယ်။ ”

ဘယ်အနုပညာရှင်မှ နာမည်ဆိုးနှင့် ကျော်ကြားမှာကို မလိုချင်ကြပေ။ ကျီဇယ့်ဟွေ့သည် ဆုရဖို့အတွက် ပြိုပျက်သွားသော ပိုးအိမ်ကို အမှီသဟဲပြုဖို့ လိုအပ်သည်။ ၎င်းက သူတို့အကျိုးစီးပွားနှင့် ဆက်စပ်နေသဖြင့် ကျီဇယ့်ဟွေ့နှင့် ရှောင်ကျင်းမှာ စိတ်ကိုလျော့ထားလိုက်ရသည်။ 

ကျီဇယ့်ဟွေ့ သေချာ အတည်ပြုမေးလာသည်။. “ လောင်ရှို့ယူကို မင်းဖိတ်လိုက်တာ တကယ်လား။ ”

ကျယ်ယန် ခေါင်းညိတ်သည်။

ရှောင်ကျင်းက သူ့ဆီမှ စကားညှစ်ဖို့ လုပ်လာ၏။  “ မင်းမှာ ဘာကျောထောက်နောက်ခံ ရှိတာလဲ။”

“  ဒီမလောက်လေးမလောက်စားလောက်နဲ့ လူတွေကို ဖိနှိပ်ဖို့ ကျွန်တော့် နောက်ခံကို မသုံးခဲ့ဖူးဘူး။ ” ကျယ်ယန် သူတို့ကို စူးစူးရဲရဲ ကြည့်လိုက်၏။   “ လုပ်ငန်းကိစ္စ ပြောလို့ရပြီလား။ ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant