“ Weibo က ငါတို့ကို တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ပေးခဲ့ပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းရဲ့ ကြည့်ရှုနှုန်းက ၉ သန်းရှိသွားပြီကွ  … ငါတို့ရဲ့ နာမည်ကြီးလွန်း​မနေဘူးလား။ အပြင်က ထိုင်ခုံတွေရော အပြည့်လား။ ထိုင်ခုံအလွတ်နေရာ ကြီးကြီးမားမားလည်း မရှိလောက်ဘူးမလား။  ”

ဟူပျောင်း သည်းမခံနိုင်တော့။ ထုံကျန်းလက်ထဲက မိုဘိုင်းဖုန်းကို ဆွဲလုကာသာ ဆူလိုက်တော့၏။    “ မင်းဖုန်းကို ဆက်မကြည့်နဲ့တော့။ ပရိသတ်တွေလည်း စုံနေပြီ။ မင်းသာ စိတ်လှုပ်ရှားလွန်းနေတာ။ ခယ့်လန်နဲ့ ကျယ်ယန်ကိုအတုယူပြီး မင်းပုံစံကို ထိန်းစမ်းပါ။ အဖွင့်က သီချင်းအသစ်နော်။ နောက်ကျကျန်မနေစေနဲ့။ ”

ထုံကျန်းက အသက်ပြင်းပြင်းရှူကာ စိုးရိမ်ပူပန်မှုများကို ထိန်းချုပ်ဖို့ ကြိုးစားရှာ၏။ သို့သော်လည်း ၎င်းက အလုပ်မဖြစ်ဘဲ မနေနိုင်မထိုင်နိုင်ဖြင့် အရှေ့က ပရိသတ်များ၏ အရိပ်အခြည်ကို သွားကြည့်ပြန်သည်။  

အပြင်ဘက်တွင် လူအုပ်ကြီးရှိနေပြီး ရောင်စုံမီးပင်လယ်ကြီးက တောက်ပလင်းထိန်နေသည်။

“ သီချင်းအသစ်ကို ကောင်းကောင်းဆို။ ”

ထုံကျန်း လန့်သွားပြီး အနောက်ကို လှည့်ကြည့်လိုက်၏။

ခယ့်လန်က ပွဲကြည့်ပရိသတ်တွေထံမှ အကြည့်လွှဲကာ ထုံကျန်းပုခုံးပေါ်လက်တင်လျက် ဖွဖွလေး ပုတ်ပေးသည်။      “ ဒီအတောအတွင်း ငါတို့ဖျော်ဖြေပွဲအတွက် ပွဲကြည့်ပရိသတ်တွေ အများကြီး ရောက်နေကြတာ ကျယ်ယန်ရဲ့ ကောလာဟလတွေကြောင့်ပဲ ။ အပြင်ဘက်က လူတွေက ငါတို့ကို ဟားဖို့စောင့်နေကြတာ။ မကောင်းပြောတဲ့လူတွေရော၊ marketing အကောင့်တွေရော၊ ပရိသတ်တွေရောပဲ။ သူတို့က ကျယ်ယန်ကို နှစ်လလုံးလုံး ဆဲဆိုခဲ့ကြတာ။ သူဘာမှမမှားခဲ့တာ ရှင်းနေပေမယ့် အဆဲခံခဲ့ရတယ်။   ”

ထုံကျန်းသည် ချက်ချင်းလက်ငင်းကို စိတ်အေးသွား၏။

“ သေချာဆိုပါ့မယ်။ ”

“ အင်း !”

၇:၂၀ ရှိသွားချေပြီ။

ချိုးရှင်းသည် ပုံမှန်အတိုင်း အနက်ရောင်ဝတ်စုံကိုဝတ်ကာ လျိုရှား၊ ဝူရွှေ့၊ ဟယ်ကျွင်းနှင့် ကျိုးမြောင်တို့ ခြံရံလျက် VIP ဧရိယာထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ရှေ့ဆုံးတန်းရှိ အလယ်က ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်သည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now