သို့သော် ဝမ်ချောင်ကတော့ ထိုမှတ်ချက်များကို ဖတ်ရင်း အလွန်အမင်းဒေါသထွက်လာတာမို့ အော်ငေါက်ဆဲဆိုလာလေသည်။

"ငါလူးပဲ! ရှောင်ရှဲ့ ကတာ ဘာလို့မကောင်းရမှာလဲ။ ချီးကိုပဲ သိ!"

"ခွဲစိတ်တာရှိတိုင်း လူတိုင်းက ခွဲဖို့လိုမယ်လို့ မင်းထင်နေတာလား။ မင်းအမေ့သားအိမ်ကရော မင်းကို မွေးဖို့ ခွဲထည့်ထားတာမလို့လား!"

"မင်းက ကျော်ကြားလာမှာ မဟုတ်ဘူးလို့ ကြိုဟောကိန်းထုတ်တယ်? လမ်းဘေး သွားဂျောင်းပြီး သူများကိုသာ သွားဟောနေစမ်းပါ၊ စောက်ရူးကောင်!"

ရှဲ့ကျူရှင်းမှာ ဆက်နားမထောင်နိုင်တော့။ "ရပြီ။ ငါတို့ကို လူထုကြားချပြရင် ဝေဖန်ခံရမယ်ဆိုတာ သိထားပြီးသားလေ။ ဒီလိုပြောလို့ ငါ့အသားနာသွားတာမှ မဟုတ်တာ။"

ဝမ်ချောင်ကတော့ ဒေါသထွက်လွန်းတာမို့ စိတ်မထိန်းနိုင်သေး။ "ဘာကို 'ငါ့အသားနာသွားတာမှ မဟုတ်တာ' လဲ။ လူတိုင်းက လိုင်းပေါ်မှာဆို အရမ်းတွေ သတ္တိရှိပြနေတာ။ မင်းကို အပြင်မှာ တွေ့ရင် သူတို့ တစ်ခွန်းမှ ပြောရဲတော့မှာ မဟုတ်ဘူး! ဒီလူတွေက ကောင်းတာ ဘာများရှိလဲ။ ယဉ်ကျေးမှုလေးတောင် မရှိဘူး။"

ကျိကျဲက ဒီတစ်ခေါက်တော့ ရှားရှားပါးပါး သူနှင့်သဘောတူလာသည်။ "ဒီတစ်ခေါက် ဝမ်ချောင်ရဲ့ပါးစပ်ပုပ်က သူတို့ကိုပြောသမျှ အကုန်မှန်တယ်။ ကျွန်တော်တောင် ဖတ်နေရင်း ဒေါသထွက်လာတာ။"

ဝမ်ချောင် : "မင်း စကားကိုကောင်းကောင်းပြောလို့ မရဘူးလား။ ဘယ်သူ့ပါးစပ်ကို ပါးစပ်ပုပ်လို့ ခေါ်နေတာလဲ။" 

ကျိကျဲ : "မင်းကို ပြောနေတာလေ။ ရှောင်ရှဲ့ post အောက်က မှတ်ချက်တွေကြည့်ရင်းတောင် ဒေါသထွက်နေတာ အဆုတ်ကွာကျတော့မယ့်အတိုင်း။ သောကြာနေ့ရောက်လို့ မင်းအလှည့်ကျရင် ငါးပူဖောင်းပြောင်းသွားမှာလား။"

ဝမ်ချောင်မှာ 'အနာကိုတုတ်နဲ့လာထိုး' ခံရသလိုဖြစ်သွားတော့သည်။ "မင်းမျက်နှာက ဘန်းမုန့်နဲ့တူနေတဲ့အချိန် သူများကိူ ငါးပူဖောင်းလို့ လာပြောရဲသေးတယ်ပေါ့!"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now