တံခါးပိတ်သွားတာနှင့် အခန်းက တိိတ်ဆိတ်သွား၏။

ချိုးရှင်းမျက်နှာထက်က အေးစက်မှုများဟာလည်း အလျင်အမြန်ပဲ လွင့်ပျယ်ပျောက်ကွယ်လို့သွားပြီ။ သူ့မျက်လုံးများက ကျယ်ယန်၏ မှင်သက်တွေဝေနေသော မျက်နှာကို သုံးမိနစ်လောက်ကြာအောင် စိုက်ကြ​ည့်နေပြီးနောက် လက်ပ်တော့အဖုံးကို ပိတ်ချလိုက်သည်။ “ မင်းက မတော်လို့လား။ ဘာလို့ ငတုံးလိုမျက်နှာတွေ အများကြီးလုပ်ပြနေတာလဲ။ ဒီပုံတွေကိုဖျက်ဖို့ မင်းတို့အဖွဲ့မှာ ပိုက်ဆံမရှိဘူးလား။ အတွေ့အကြုံမရှိရင်လည်း တတ်ကျွမ်းနားလည်တဲ့လူကို အကူအညီမတောင်းဘဲနဲ့။ ဒီအတိုင်းဆို မင်းတော့ အနိုင်ကျင့်ခံရတော့မှာ။  ”

သူ့ဖုန်းကိုယူကာ ကျယ်ယန်နှင့် chat box ကိုနှိပ်လိုက်၏။ တစ်ယွမ်တန်စာအိတ်အနီလေးကလွဲပြီး ဘာစာအသစ်မှမရှိ။

“ အရင်က မင်းတအားမထက်မြက်သေးလို့မလား။ အခုကရော ဘာလို့ ဘာအသံမှမထွက်တာလဲ။ ”

ဒေါသတွေငြိမ်သွားတော့ ချိုးရှင်း သူ့၏အနည်းငယ်မူးဝေလာသောခေါင်းကို လက်နှင့်ဖိကိုင်ထားရတော့သည်။ ရုတ်တရက် သူ့ကိုယ်သူပြန်ရယ်ကာ ဆိုဖာပျော့ပျော့ပေါ်မှီလိုက်ရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။

“ ငါ့မှာ အားသိပ်မရှိတော့ဘူး …”  သူလက်တွေကို ဆိုဖာလက်ရန်းပေါ်တင်ကာ ပင်ပန်းနွမ်းနယ်မှုနှင့် နေမထိထိုင်မသာဖြစ်မှုကာ တရိပ်ရိပ်ထိုးတက်လာပြီး သူလက်ချောင်းများကလည်း တဖြည်းဖြည်း အားလျော့လာသည်။   “ ငါ့ဆီ အကူအညီလာမတောင်းရင်တော့ မင်းကို မကူညီပေးဘူး။ ”

ဝိုးတိုးဝါးသံညည်းညူသံတစ်ခုနှင့်အတူ ဖုန်းက ကော်ဇောပေါ်သို့ ပြုတ်ကျသွားသည်။ ခဏလောက်နေတော့ တင်းတောင်ဟုမြည်က ဖုန်းမျက်နှာပြင်က အရောင်လက်သွားပြီး message အသစ်တစ်စောင်ဝင်လာသည်။

***

IUD ၏ဂယက်ထမှုပြီးနောက်တစ်နေ့တွင် ဝမ်ယီက IUD အဖွဲ့ဝင်များကို ကုမ္ပဏီသို့ အစည်းအဝေးလုပ်ရန် အချိန်အတိအကျခေါ်လာပါဟု ဟူပျောင်းကို အကြောင်းကြားစာပို့လာသည်။

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon