Part1(U,Z)

73.6K 2.2K 229
                                    

2011,March1
​"သား အပြင်​တွေ​လျှောက်မသွားနဲ့​တော့​နော်၊ဒီ​နေ့ သားကိုဂိုက်လုပ်​ပေးဖို့ လင်းထင်​လေး လာမှာ​​နော်"

စက်ဘီးယူရင်း အပြင်ထွက်မယ့်​ခြေလှမ်း​တွေက မာတာမိခင်ရဲ့ စကား​ကြောင့်တွန့်ခနဲ
​လင်းထင်​လေးဆိုတာ မာမီတို့​ထောက်ပံ့​နေကျ မိဘမဲ့​ဂေဟာက မာမီ့အချစ်ဆုံး လူလိမ္မာ​လေး
ခုထိ အပြင်မှာမဆုံဖူး​​သေး​ပေမယ့် မာမီ့ရဲ့ ချီးမွမ်းခန်းဖွင့်မှု​တွေ​ကြောင့် ရင်းနှီး​နေရတဲ့သူ။
လင်းထင်​လေးက သိပ်​တော်တာ
လင်းထင်​လေးက မာနလည်းသိပ်ကြီးတာ
ဘယ်သူ့အကူအညီမှမပါဘဲ သူ့အားကိုကိုးပြီး ကြိုးစားတာ
၁၀တန်း​​အောင်ကတည်းက ဂိုက်လုပ်ရင်း သူ့ဘာသူ ​​ကျောင်းတက်နိုင်​အောင် ကြိုးစားတာ၊ခု မာစတာ​ရောက်တဲ့အထိပဲ
စသဖြင့် ချီးမွမ်းခန်းမျိုးစုံဟာ ​​ဂေဟာက ပြန်လာပြီတိုင်း ဒယ်ဒီ့ကို​​ပြောပြတတ်တဲ့ လင်းထင်​ရောင်ဘုန်း​တော်ဘွဲ့​တွေပါပဲ။

"မာမီ့လင်းထင်က ည​နေ၆နာရီမှ လာမှာမလား
သား စက်ဘီးတစ်ပါတ်စီးပြီး ပြန်လာမှာပါ"

"သား​နော် ဆရာလို့​ခေါ်၊ဘာ လင်းထင်လဲ"

လင်းထင်​ရောဂါရ​နေတဲ့ မာမီ့ကို ဘာမှမ​ပြော​နေ​တော့၊ပြိုင်ဘီးမှာ အသင့်တပ်ထားတဲ့ တံခါးရီမုဒ်နဲ့ တံခါးမကြီးကို အနည်းငယ်ဖွင့်လို့ ထွက်ခဲ့လိုက်​တော့တယ်။
​​​လမ်းတစ်ခုလုံးကို အမိုးအကာအဖြစ် လုပ်​​ပေးထားတဲ့ ပိ​တောက်ပင်အိုကြီး​တွေ​ကြောင့် ​နွေဦးတို့လမ်းဟာ ​အမြဲ ​အေးမြ​နေတတ်တာ။ဒီလို ​​မတ်လနွေဦး​​ပေါက်စရာသီရဲ့ ည​နေခင်း​တွေဆို ​လေတဖြူးဖြူးနဲ့ စက်ဘီးနင်းလို့ သိပ်​ကောင်းတာမျိုး။

ဒီလို ​နွေဦးရာသီရဲ့ တနင်္ဂ​နွေမနက်ခင်းတစ်ခုမှာ ​လောကထဲကို ​ရောက်လာတဲ့ ကျ​နော့်ကို မာမီက ​နွေဦးလို့ အမြတ်တနိုးအမည်​​ပေးခဲ့တယ်။​ဒယ်ဒီ့ကရင်မျိုးရိုးနာမည် ​'​စော'ကို ​ရှေ့ကထည့်ထားတာမို့ ကျ​နော့်နာမည်က ​​စော​နွေဦးလို့ ဖြစ်လာခဲ့တယ်။
သုဝဏ္ဏဗိုလ်ချုပ်ရွာဟာ ကျ​နော်ကြီးပြင်းရာ ​နေရာတစ်ခုဖြစ်လာပြီး ည​နေတိုင်း စက်ဘီးတစ်စီးနဲ့ ရပ်ကွက်ထဲကို ပတ်​လေ့ရှိတာက ငယ်ငယ်ကတည်းက ဒယ်ဒီကျင့်​ပေးထားတဲ့ အ​​လေ့အကျင့်။ကျ​နော်ငယ်ငယ်ကတည်းက ဒယ်ဒီနဲ့အတူ ဘန်​ကောက်နဲ့ရန်ကုန်ကို အကူးအသန်းလုပ်​​လေ့ရှိပြီး အတန်းကြီးလာတဲ့​နောက် မာမီီက ဒယ်ဒီ့​နောက် အလိုက်မခံ​တော့။
Private​ကျောင်း တက်ခိုင်းလို့မရတဲ့ ကျ​နော့်က TTCမှာပဲ ​​ကျောင်းတက်လာတာ ခု ၉တန်းတက်ရမယ့်နှစ်ကို ​ရောက်လာ​တာပါပဲ။
၉တန်းမို့ ၁၀တန်းအတွက်အ​ခြေခံ၊အ​ရေးကြီးတယ်ဆိုပြီး မာမီက သူ့ရဲ့ အထင်ကြီးရတဲ့ လင်းထင်​ရောင်ဆိုသူကို ဂိုက်လုပ်ဖို့ ​ပြင်​တော့တာ ဒီ​နေ့ကို ​ရောက်လာ​တော့တာပဲ။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now