15

2.4K 456 60
                                    

[Unicode]

'ပိုကောင်းတဲ့လူနှင့်ထိုက်တန်ပါ၏'

လျန်ရှီကို လိုက်ပို့ပြီးနောက် များမကြာခင်မှာပဲ ဝမ်ချောင် ပြန်ဝင်လာသည်။ လျန်ရှီက သူ့ Program မှာ ကြော်ငြာပေးမယ်ဟု သဘောတူလာ၍ ဝမ်ချောင့်မှာ ပြုံးဖြီးနေပေမယ့် သူ့ဘောင်းဘီထက်မှာတော့ ခြေရာများ ထင်းလျက်ရှိနေသည်။

"မစ္စတာလျန် စိတ်တိုသွားလား။" ချန်းယောင့် သူ့ကို စိုးရိမ်တကြီးမေးလိုက်သည်။ "နောက်ကျ ငါတို့ အချင်းချင်းတွေ့ရင် မျက်နှာပူစရာဖြစ်နေတော့မှာပဲ။"

ဝမ်ချောင်ကတော့ စိတ်ထဲမထား။ "ဘာမှမဖြစ်ဘူး။ မနက်ဖြန်မနက်ကျ သူမေ့သွားပြီ။ မင်းတို့တွေ သူများကို လျှောက်ပြောမနေသ၍ သူ ဂရုမစိုက်ဘူး။"

ချန်းယောင့်က သူ လျှောက်ပတ် မပြောနေမည့်အကြောင်း အမူအရာဖြင့်ဖော်ပြလာသည်။

ကျိကျဲ မတ်တပ်ထရပ်၍ ပြောလိုက်သည်။ "လျန်-လောင်ရှီလည်း သွားပြီဆိုတော့ ဒီနေ့အတွက် ဒီလောက်ပဲပေါ့။ ငါ ပြန်ပြီ။"

လူတိုင်းလည်း ထရပ်ကာ ပြန်ဖို့လုပ်တော့သည်။

သို့ပေမယ့် ဝမ်ချောင်မှ ပြောလာသည်။ "အာ၊ နေဦးလေ။ ဒီကို ရောက်နေပြီဆိုမှတော့ မပြန်ခင် Spa လုပ်သွားပါဦးလား။"

လူတိုင်း သဘောတူလာပေမယ့် ကျိကျဲကတော့ ခပ်ပြတ်ပြတ် ငြင်းဆိုဆဲ။ "ငါကတော့ တော်ပြီ။ အခြားလုပ်စရာကိစ္စလေးတွေလည်း ရှိသေးလို့ ပြန်မှရမယ်။"

ဝမ်ချောင်မေးလိုက်သည်။ "ဘာလုပ်စရာရှိတာလဲ။"

ကျိကျဲက သူမေးလာလိမ့်မည်ဟု မထင်ထားတာမို့ အကြောင်းပြချက် မရှာရသေး။

ဝမ်ချောင်က ရှဲ့ကျူရှင်းရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး ရှဲ့ကျူရှင်းကလည်း နားလည်စွာ ဝင်ဖျန်ဖြေပေးတော့သည်။ "ဒီနေ့ လူတိုင်းလည်း ပင်ပန်းနေတာဆိုတော့ အကုန်အနားယူကြရင် ပိုမကောင်းဘူးလား။ ကျိကျဲ၊ သူကလည်း စိတ်ရင်းကောင်းနဲ့ပြောတာပါ။ မင်း သူ့ကို သဘောမကျဘဲ မနေနဲ့တော့။"

ဝမ်ချောင် စိတ်မကျေမနပ်ဖြစ်သွားပြီး သူ့ကို စူးကနဲကြည့်လိုက်သည်။ — 'အဓိပ္ပါယ်မရှိ၊ ဘယ်သူက ဘယ်သူ့ကို သဘောမကျတာလဲ။"

Bi De • Pan Yu Xin De Rui la ||Myanmar Translation|| Where stories live. Discover now