“ ကျွန်တော့်ကို ဆူပူရိုက်နှက် ဆဲဆိုနှိပ်စက်ပြီး ယောကျာ်းတစ်ယောက်ဆီ ရောင်းစားခဲ့တာက ခင်ဗျား ကျွန်တော့်ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတွေလား။ ”

ကျယ်ရှို့ ချောင်းထပ်ဟန့်က အားတင်းပြီး ရယ်မောလိုက်၏။  “ ဘာတွေပြောနေတာလဲ။ ဘာ​တွေရောင်းစားတာလဲ။ ချိုးမိသားစုက တော်လွန်းထက်မြက်လွန်းတယ်လို့ သားမထင်ဘူးလား။ ဒါနဲ့ သားမှာ နေစရိတ်စားစရိတ်ရော လောင်ငှရဲ့လား။ အဖေ မင်းကို ဘယ်လောက်ပေးရမလဲ။ ”

“ မလောက်ဘူး။ ကျွန်တော့်ကို နည်းနည်းလောက် ပေးဦး။ အနုပညာရှင်တွေက ပိုက်ဆံများများသုံးရတာဆိုတော့ ၅ သိန်းနဲ့ စလိုက်ရအောင် ”

“……”

ကျယ်ရှို့ အံကိုတင်းတင်းကြိတ်ကာ ကျယ်ယန်ကို သန်းတစ်ဝက်လွှဲပေးလိုက်ရသည့် နာကျင်မှုအား ကြိတ်မှိတ်သည်းခံလိုက်ရသည်။
“ တွေ့ပြီလား။ မင်းအဖေက မင်းကို တကယ်ချစ်တာပါ  !  ဒီငွေတွေယူပြီး အင်္ကျီလှလှလေးတွေ အများကြီးဝယ်ဝတ်ပြီး မင်းအသားအရည်ကို ထိန်းသိမ်း။ ယောကျာ်းလေး​တွေလည်း ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း​နေသင့်တယ်။  ”

“ ခင်ဗျား ကျွန်တော့်ကို အရင်က ကျောင်းထွက်ဖို့ပြောခဲ့တာ မှတ်မိသလိုပဲ။ ”

“ အဲ့ဒါ ပေါက်ကရစကားတွေပါ။ မထွက်နဲ့!  မထွက်နဲ့ ! လူငယ်တွေဆိုတာ များများသင်ယူသင့်တာ !”
ကျယ်ယန် သူ့ကို အပြုံးလေးနှင့် စိုက်ကြည့်ရင်း စကားပြောင်းလိုက်၏။

“ ချိုးရှင်းက တက်သစ်စအနုပညာရှင်ဖြစ်တဲ့ ကျွန်တော့်ရဲ့လက်ရှိအခြေအနေကို သဘောကျပေမယ့် တက်သစ်စအနုပညာရှင်တစ်ယောက်ကို အပုပ်ချဖို့လွယ်တယ်။ မီ​ဒီယာတွေကသာ ခင်ဗျားကိုရှာတွေ့သွားမယ်ဆိုရင် ခင်ဗျား ဘာလုပ်သင့်လဲသိလား။ ”

ကျယ်ရှို့က အလွန်အမင်းကို အကင်းပါးတာကြောင့် အမြန်ကတိပေးလိုက်၏။  “ မင်းအဖေက မီဒီယာတွေအရှေ့မှာ မင်းကို သေချာ ချီးကျူးပေးမှာ​ပေါ့။ အဖေတို့မိသားစုက သိပ်ထူးချွန်ကြတာကိုး !”

“ ခင်ဗျား ဘာမှမပြောတာက ပိုကောင်းမယ်ထင်တယ်။ မီဒီယာတွေက ခင်ဗျားစကားတွေကို ခြေရာခံပြီး ဖော်ထုတ်ကြလိမ့်မယ်။  ”

ကျွန်တော့်ယောကျာ်း ရောဂါသည် (ဘာသာပြန်)Where stories live. Discover now