ရှီရှန်းဟာ နတ်ဆိုးဂိုဏ်း၀င်များ စခန်းချထားတဲ့နေရာကို မပြန်​ခင် ဧရိယာတစ်ဝိုက်ကိုအနည်းငယ်စူးစမ်းကြည့်ခဲ့တယ်

နတ်ဆိုးဂိုဏ်းဝင်များဟာ တစ်နေရာမှယုန်တစ်ကောင်ကို ရှာ​တွေ့ခဲ့ပြီး လက်ရှိမှာ အသားကင်နေတယ်

'မင်းတို့တွေတကယ်ပဲဘာကိုမှစိတ်မပူကြတာပဲ!'

သူတို့ရဲ့စခန်းက အနောက်နားကျကျမှာရှိနေတာကြောင့် တစ်ယောက်ယောက်ကဒီလမ်းကြောင်းကို တမင်ရည်ရွယ်ပြီးမလာသ​ရွေ့ သူတို့ကိုရှာမတွေ့နိုင်ဘူး၊ ဒါကြောင့် ရှီရှန်း က သူတို့ကိုယုန်ကိုဆက်လက်ကင်ဖို့ခွင့်ပြုလိုက်တယ်။

"အင်း...အမ်း...အွမ်း.…" ရှီရှန်း ပြန်လာသည်ကိုမြင်တဲ့အခါ ကျန့်ကျန်းက သူ့ကို ဖက်ထုပ်တစ်ထုပ်လို ချည်နှောင်ထားတဲ့ကြိုး​တွေကို ရုန်းကန်​တော့တယ်

ရှီရှန်းကသူ့ကို ကြိုးဖြည်​ပေးဖို့လမ်းလျှောက်သွားတယ်

"​ဖီ..ဖွီ! ၀ူကျန်း၊ မင်းငါ့ကိုချည်နှောင်ဖို့သတ္တိရှိတယ် - အိုး! မင်းဘာလုပ်တာလဲ?! "
ကျန့်ကျန်းကသူ့လက်ကိုဆုပ်ကိုင်ပြီး ​နောက်ဆုတ်သွားတယ်

ရှီရှန်းက တည်တည်ငြိမ်ငြိမ်မျက်နှာထားနှင့်ပြောတယ် "မင်းကိုငါ ကြိုးနဲ့ချည်ထားရုံမက မင်းကိုလိမ်ဆွဲဖို့တောင် သတ္တိရှိ​ကြောင်း သက်​သေပြတာ"

ကျန့်ကျန်း" …"

'ဒီအရူးမ! သူမဟာ ငယ်စဉ်အခါစက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ယခုအချိန်ထိယုတ်မာ​ကောက်ကျစ်နေဆဲပဲ '

"ဂိုဏ်းချုပ် ကျေးဇူးပြုပြီး စားပါ"
ထင်ဖုန်းဟာ ရှီရှန်းကို ချက်ပြုတ်ပြီးသောအသားတစ်ပိုင်း ကမ်းပေးလိုက်တယ်

ကျန့်ကျန်းဟာ ချက်ချင်းပဲ ဒေါသထွက်သွားတယ်
"ထင်ဖုန်း! ငါကမှ မင်းရဲ့ဂိုဏ်းချုပ် "

ထင်ဖုန်းက ယုန်ခြေထောက်ကိုအလျင်အမြန်ဆွဲယူလိုက်ပြီး ကျန့်ကျန်းကို ပေးလိုက်တယ်

ရှီရှန်း" …" 'ဒီကောင်...'

……

ညဉ့်သန်းခေါင်ယံမှာ ကျန့်ကျန်းရဲ့ပိတ်ထားသောမျက်လုံးများ တဖြည်းဖြည်းပွင့်လာ​လေရဲ့။ သူကသူ့ဘေးမှာလှဲနေတဲ့ ထင်ဖုန်းနဲ့ ကုယွီကိုတွန်းလိုက်တယ်။
သူတို့ဟာ တစ်ခနသာ​မှေးနေခဲ့တာကြောင့်အလွန်လွယ်ကူစွာနိုးထခဲ့ကြတယ် ကျန့်ကျန်း ကသူ့လက်ညိုးကိုမြှောက်ပြီးသူတို့ကိုတိတ်တိတ်နေဖို့ပြောဖို့ သူ့ပါးစပ်ရှေ့မှာထားလိုက်တယ်။
ရှီရှန်းက အဝေးမှသစ်ပင်တစ်ပင်ကိုမှီပြီး ခေါင်းကိုအခြားသို့လှည့်ကာ အိပ်​နေတယ် ကျန့်ကျန်း ကသူမအသက်ရှူသံပုံမှန်နှင့်အိပ်ပျော်နေကြောင်းသေချာစေရန် သူမကိုခဏစောင့်ကြည့်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now