……

နတ်ဆိုးဂိုဏ်းကိုပြန်ရောက်တော့ ရှီရှန်းကအသစ်ပြန်လည်ဆောက်လုပ်ထားတဲ့အမိုး​အောက်မှာ အိပ်​နေတဲ့နှင်းဖြူခွေးကလေးကို ​တွေ့လိုက်ရတယ်

"၀ုတ်..၀ုတ်"… ခွေးကလေးကသူမကိုဟောင်တယ်

"မင်းဘာကိုဟောင်နေတာလဲ"   ရှီရှန်း ခွေးကလေးရဲ့ခေါင်းကိုခပ်ကြမ်းကြမ်းဖိလိုက်တယ်

"အုအုအုအု!"

ခွေးကလေးက ပြင်းပြင်းထန်ထန်ရုန်းကန်ပြီးအော်ဟစ်လိုက်တာ​ကြောင့် အောက်ဖက်ကလူ​တွေက လှမ်းကြည့်လိုက်ကြပြီး အကူအညီမဲ့စွာခေါင်းကိုခါယမ်းလိုက်ကြတယ်

"ဂိုဏ်းချုပ် က အရင်ဂိုဏ်းချုပ်ရဲ့ခွေးကိုအနိုင်ကျင့်ပြန်ပြီ…"

"ဂိုဏ်းချုပ်၊ ဟိုမိန်းကလေးနိုးနေပြီ" အခန်းငယ်တစ်ခုထဲက​နေ အမျိုးသမီးတစ်ဦး ထွက်လာပြီး ရှီရှန်း ကိုအော်ခေါ်လိုက်တယ်

ရှီရှန်းလည်းခွေးကလေးကိုဖမ်းပြီး အခန်းထဲကိုမ၀င်ခင်အမျိုးသမီးငယ်ကိုလက်ဆင့်ကမ်းပေးလိုက်တယ်။

မိန်းမပျိုလေးက ခွေးကလေးကိုပွတ်သပ်​ပေးလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ချစ်ခင်နှစ်ခြိုက်တဲ့အရိပ်မ​ယောင်​တွေ​ပေါ်လာတယ်

'ဂိုဏ်းချုပ်ဟောင်းကဒီခွေးကိုဘယ်ကရခဲ့တာလဲ။ သူက လက်ဖဝါးအရွယ်အစားက​နေ ပိုပြီးကြီးမလာ​တော့ဘူး အရမ်းချစ်စရာကောင်းတယ်!!!"

သို့​ပေမယ့် သူမတို့ ယခင်ဂိုဏ်းချုပ်အ​ကြောင်းကိုစဉ်းစားရင်း ထိုအမျိုးသမီးငယ်က စိတ်ပျက်အားငယ်သွားပုံရတယ် သူမခွေးကလေးကိုသယ်လာပြီးအခန်းထဲကို ၀င်လာတယ်

ရှီရှန်းက ကုတင်ဘေးမှာ ရပ်ပြီးလှဲ​လျောင်း​နေတဲ့မိန်းကလေးကိုငုံ့ကြည့်လိုက်တယ် သူမမရဲ့ မျက်နှာပေါ်တွင်ဒဏ်ရာတစ်ခုရှိ​နေ​ပေမယ့် အဲ့ဒါကအနာကျက်နေပြီဖြစ်တာ​ကြောင့် ဘာမျှမပြင်းထန်ဘူး

"ဒီနေရာကဘာလဲ။ " ကောင်မလေးက ခံစားချက်​တွေရှုပ်​ထွေး​နေတဲ့ပုံနဲ့​မေးတယ်

"နတ်ဆိုးဂိုဏ်း"

"နတ်ဆိုးဂိုဏ်း?" ကောင်မလေးက ပိုပြီးစိတ်ရှုပ်ထွေးသွားတဲ့အမူအရာကိုထုတ်ဖော်လိုက်တယ်။
"ငါဘယ်သူလဲ?"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Όπου ζουν οι ιστορίες. Ανακάλυψε τώρα