ရှီရှန်းက မထွက်သွားခင် ငါးမိနစ်​လောက် အနားယူခဲ့တယ်
ကျန့်ကျန်းက သူမ​နောက်ကို အမြန်လိုက်သွားခဲ့တယ်

​တောက်ပလ​ရောင် ရွာက​နေ ထွက်ခွာပြီးနောက် ရှီရှန်းက လမ်းကြောင်းတစ်ခုကိုအမှတ်တမဲ့ရွေးပြီး ဆက်သွားခဲ့တယ်

သူမက စမ်းချောင်းငယ်တစ်ခုအနားက​နေ ဖြတ်ကျော်လာတဲ့အခါ ခနရပ်တန့်ကာ ​ရေထဲခုန်ဆင်းပြီး အ၀တ်အစားများနှင့်အရာအားလုံးကိုဆေးကြောလိုက်တယ် သူမမှာ ​သွေး​တွေ စွန်း​နေတာကြောင့် အဲ့ဒါကို ဆေးကြောလိုက်ပြီး မကြာခင် ရေကအနီရောင်ပြောင်းသွားခဲ့တယ်

သူမကိုယ်ကိုသန့်ရှင်းရေးလုပ်ပြီးနောက်စမ်းချောင်းက​နေထွက်လာပြီး အတွင်းစိတ်ထဲမှာ နောက်ဆုံးကျန်ရှိ​နေတဲ့ စွမ်းအင်အကုန်လုံးကို သုံးပြီး ခြောက်သွေ့အောင်လုပ်ခဲ့တယ်

ကျန့်ကျန်းလည်း သူ့ခွေးကလေးကို​ရေချိုး​ပေးဖို့ စမ်းချောင်းဘေးမှာ ထိုင်ချလိုက်တယ်

ရှီရှန်းက ခွေးကလေးကိုသံသယဖြစ်စွာကြည့်လိုက်တယ်  'အခုသူ့ကို ဘယ်လို​ခေါ်ခဲ့​တော့မှာလဲ'

ခွေးကလေးဟာ ရေထဲမှာ ပတ်လည်လန်သွားပြီး ကျန့်ကျန်းရဲ့ မျက်နှာပေါ်ကို ရေစက်​တွေ စင်သွား​စေတယ်

'ဒီအရူး ... '
……

အဲ့ဒီရှုပ်ထွေးတဲ့တိုက်ပွဲကို  သိုင်း​လောကကြီးရဲ့ ပြသနာအစလို့ခေါ်ခဲ့ကြတယ်

ရှီရှန်ဟာ လုံးဝမထိခိုက်ဘဲကျန်ရစ်ခဲ့​ပေမယ့် အလင်းဂိုဏ်းအ​တော်များများက​တော့ သူတို့ရဲ့အင်အားတစ်ဝက်ကျော်ကိုဆုံးရှုံးခဲ့ရပြီး ဖူယိယွင် တောင်မှဒဏ်ရာအပြင်းအထန်ရခဲ့တယ်။
လျှို့ရွှီဟာ ဆေးများထည့်ထားတဲ့ ပန်းကန်လုံးကို ယူပြီး ကုတင်ဘေးမှာ ထိုင်ကာနွေး​နွေးထွေး​ထွေး​ပြောတယ် "အစ်ကိုကြီး ယိယွင် .. ရှင် ဆေးသောက်ဖို့အချိန်ကျပြီ"

ဖူယိယွင်က ကုတင်ပေါ်မှီပြီး လျှို့ရွှီကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့ အေးစက်နေတဲ့ အမူအယာက အနည်းငယ်​နွေး​ထွေးလာတယ် သူကပြုံးကာဆိုတယ် "အစေခံတွေရှိတယ်​လေ..ဘာလို့မင်းကိုယ်တိုင်လာပို့ရပြန်တာလဲ"
လျှို့ရွှီ ရဲ့ မျက်နှာက အနည်းငယ်နီမြန်းသွားပြီး ရှက်ရွံ့တဲ့ အသံဖြင့်ပြောတယ် "ကျွန်မက  အစ်ကိုကြီး ယိယွင် ကို ကိုယ်တိုင်ဂရုစိုက်ချင်လို့ပါ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now