ဒါပေမယ့် ရှီရှန်း တစ်ဖက်ကို ပြန်လှည့်လိုက်တဲ့အခါ တစ်​ယောက်​ယောက်က ဖူယိယွင်ကို ကယ်ဆယ်သွားပုံရတယ် မြေပြင်ပေါ်ရှိသွေးစွန်းများကသာ တစ်ချိန်ကဒီနေရာမှာ ဒဏ်ရာရခဲ့သူရှိဖူးကြောင်း ညွှန်ပြ​​နေတယ်

သူတို့က ရှီရှန်း ကိုမတိုက်နိုင်ဘူးဆိုတာသိတာနဲ့ လူတိုင်းဆုတ်ခွာသွားကြတယ်

ကျန့်ကျန်းဟာ စင်​ပေါ်မှာနွမ်းနယ်စွာရပ်ရင်း သူတို့ပြိုင်ဘက်​တွေ ဆုတ်ခွာသွားတာကိုကြည့်​နေတယ် သူ့လက်တွေ မသယ်နိုင်​လောက်​အောင် အရမ်းပင်ပန်းနေပြီ

"၀ူကျန်း၊ မင်းကသံနဲ့လုပ်ထားတာလား"
သူကလှည့်ကြည့်ပြီးစင်ပေါ်မှာရပ်နေတဲ့အမျိုးသမီးကိုမေးတယ်။ သူမဟာ ​မောဟိုက်ခြင်းမရှိဘဲ ဒီတိုက်ပွဲမှာ ​လော​လောလတ်လတ်ကမှ သဲကြီးမဲကြီး တိုက်ခိုက်ထားတဲ့လူမဟုတ်သလို ပြီးပြည့်စုံစွာ မားမားမတ်မတ်ရပ်နေခဲ့တယ်

ရှီရှန်းက စင်မြင့်ပေါ်က​နေ ခုန်ဆင်းလာ​ပြီး ​ပြောလိုက်တယ် "ဒီငတုံးတွေကငါ့အဆင့်နဲ့ဘယ်လိုတူနိုင်မလဲ"

ငကြွားရှီရှန်း လိုင်းတက်လာပြီ

"ချီး " ကျန့်ကျန်း ရှီရှန်း ကိုသတိပေးလိုက်တယ် "မြန်မြန်ထွက်သွားကြစို့၊ ဒီလူတွေပြန်လာရင်ဘယ်လိုလုပ်မလဲ"

ရှီရှန်းက သူမဓားကိုမှီကာ မလှုပ်ဘဲနေလိုက်တယ် 'ဟုတ်တယ်၊ ငါနည်းနည်းစိတ်ကုန်သွားပြီခဏလောက်အနားယူရမယ် '

ကျန့်ကျန်းက သူမ မလှုပ်မယှက်ဖြစ်နေတာကိုကြည့်​နေတယ် "အရူးမ၊ သွားကြစို့..မင်းသူတို့နဲ့တိုက်ချင်သေးလား.. ငါပြောနေတယ်၊ ​​ငါ့မှာ အားတစ်စက်မှမရှိ​တော့ဘူး! "

ရှီရှန်က သူ့ကိုစူး၀ါးစွာ စိုက်ကြည့်လိုက်တယ်  'မင်း​သေချင်နေတာလား?'

"မင်းအတွက်မဟုတ်ရင်ငါသူတို့နဲ့ရန်ဖြစ်ရမလား"
ကျန့်ကျန်း က နဲနဲတုန်လှုပ်သွားတယ်  ခဏအကြာမှာသူကဆက်​ပြောတယ်  "အခက်အခဲဆိုတာ ဝေမျှသင့်တယ်​လေ"

'ငါ့ရဲ့ရာထူးကိုခိုးဖို့ဘယ်သူပြောလဲ။ ဒါ့အပြင်မင်းကဒီလောက်လွယ်လွယ်ကူကူနဲ့ တိုက်ပွဲစတတ်တာကို ငါဘယ်လိုလုပ်သိမှာလဲ '

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....حيث تعيش القصص. اكتشف الآن