'အရင်တုန်းက အသုံးချခံရတာက ငါပါနော် သူကဘယ်လိုတောင် ငါကပဲ သစ္စာဖောက်လိုက်တာခံရသလို ဖြစ်နေတာလဲ'

"ထျန်းကျင်းချန်, သီးသန့်စကားပြောရအောင်"

သူမ ချောင်ချူးနဲ့ အဆင့်အတန်းတူတူမှာ ရှိနေရမှာ ဒါဆိုသူမက သူနဲ့အတူတူပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်သွားမှာ

ထျန်းကျငိးချန်က ခနလောက်တတိဆိတ်သွားတယ် ပြီးတော့ သူ့ပေါ်ထိုင်နေတဲ့ကောင်မလေးရဲ့ ခါးကိုဆိတ်လိုက်တယ်

"ကားထဲမှာ သွားစောင့်နေ"

ကောင်မလေးက မသွားချင်ဘူးဒါပေမယ့် ချောင်ချန်းချန်းရှေ့မှာ ထျန်းကျင်းချန်က သူ့ကိုနမ်းလိုက်တဲ့အတွက်ကြောင့် ကားသော့ကို ယူပြီးထွက်သွားတယ်

ချောင်ချန်းချန်း ရဲ့စိတ်ထဲမှာတော့ ထျန်းကျငိးချန်ကို ကြိုက်နေတုန်း​ဖြစ်ပြီးတော့  အခုလိုသူရဲ့ အမူအကျင့်တွေကို တွေ့ရတော့ သူမမျက်နှာက ပိုပြီးတော့တောင်ဖျော့တော့သွားတယ်

"သွားမယ်လေအဲ့ဆိုလည်း မင်းငါနဲ့ဘာလုပ်စရာ ရှိလို့လဲ"

ထျန်းကျင်းချန်က မေးစေ့ကိုမော့ပြီးပြောလိုက်တယ် သူ့ပုံစံက သူမကိုပဲ အခွင့်အရေးကြီးပေးနေရသလို ပြောဆိုနေတယ်

သူမသာ အခုလိုဆက်ဆံတာကို မကြုံတွေ့ရဘူးဆိုရင် ဒေါသထွက်ရုံလောက်ပဲရှိမယ် ဒါပေမဲ့အခုလို လုပ်ရပ်တွေကြောင့် ထျန်းကျင်းချန်က သူ့ကိုအထင်သေးနေသလိုကို ခံစားလာရတယ်

သူမနှလုံးသားထဲမှာ ပိုပြီးခံစားလာရတယ် သူမပြောမယ့်အစီအစဥ်တောင် ပျောက်သွားရတယ်

.......

သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးခန်းက အတော်လေး ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားတယ်

ထျန်းကျင်းချန်က သူမကုမ္ပဏီကို နာလန်ပြန်ထူလာဖို့ အခွင့်အရေးပေးတယ် အပြန်အလှန်အနေနဲ့ ချောင်ချန်းချန်းက သူ့မယားငယ် ဖြစ်လာရမယ်

ထျန်းကျင်းချန်က လက်ထပ်ပြီးသွားပြီ 

သူ့ဇနီးက အရမ်းကို ရိုကျိုးပြီးကြောက်တတ်တဲ့သူဖြစ်တယ် ဒါကြောင့်ချောင်ချန်းချန်း အိမ်တော်ကိုဝင်လာတဲ့အခါမှာ သူမစကားတစ်ခွန်းတောင်အထွန်မတက်ရဲဘူး 

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now